Part 11

819 52 5
                                    

Zawgyi Ver

ညဘက်စာကျက်ခန်းမှာ ခါတိုင်းလို စာကျက်သံတွေ ညံနေရမယ့်အစား ဘော်ဒါအုပ်က စာသင်ခန်းထဲမှာ TV ဆင်ပြီး  The Mask ဆိုတဲ့ အင်္ဂလိပ်ရုပ်ရှင်ကားကို ပြသထားတာကြောင့်  ဇာတ်လိုက်မင်းသား စတန်လေအစ်ပကစ် မျက်နှာစိမ်းကောင်ရဲ့ စပ်ဖြဲဖြဲမျက်ခွက်နဲ့ ဟာသပျက်လုံးတွေရဲ့အကြား ကျောင်းသားတွေရဲ့ တဟားဟား ပွဲကျနေတဲ့ အသံတွေက လွှမ်းမိုးလို့နေသည်။
ဝလ္လာနဲ့ ဝန်းရံခသည်လည်း အရှေ့ဆုံးကနေ နေရာယူပြီး တဟားဟားလုပ်နေကြသည်။

ထိုလူအုပ်ထဲက နောက်ဆုံးက နံရံမှာ ကျောမှီလို့ TV ကိုမကြည့်နိုင်ဘဲ တစ်နေရာထဲကိုသာ ငေးစိုက်ကြည့်နေတဲ့
ကောင်လေးတစ်ယောက်လည်းရှိသည်။

ဝန်းက ရယ်လိုက်ရင် ပါးချိုင့်လေးတွေနဲ့ အရမ်းချစ်ဖို့ကောင်းတာပဲ။
တဖြည်းဖြည်းနဲ့ မင်းအပေါ်မှာ ကိုယ့်ရဲ့အချစ်တွေဟာ  မင်းရဲ့ပါးချိုင့်လေးတွေလိုပဲ အဆုံးထိ တစ်နေ့တစ်ခြား ပိုပိုပြီး နစ်ဝင်နေပြီ ဝန်း...။

ညနက်တော့ အစောကြီး အိပ်ချင်တဲ့သူက အိပ်ရာဝင်ကျပြီး မအိပ်ချင်သေးတဲ့သူက ထိုင်ပြီးရောက်တတ်ရာရာ စကားတွေ ပြောနေသူကပြော
ခုနလေးကမှ ကြည့်ထားတဲ့ The Mask ကားထဲက မျက်နှာစိမ်းကောင်ရဲ့ ဟန်ပန်အမူအရာတွေအတိုင်း သရုပ်ဆောင်တမ်း ကစားနေကြသည်။
မိန်းကလေးတွေကတော့ ဟိုဘက်အဆောင်မှာမို့ အကုန်လုံးက အဆောင်ပေါ်တက်ကုန်ကြပြီ။

"အု...ငါ့ကို ထိသွားပြီ...
အီး..အာ့. အု
အု...အာ့..အီး
အက်....အွတ်..အဟွတ်...အော့
ငါကို ဖက်ထားပေးပါကွာ...
ဟာ့..အာ..ဟက်.....ဟက်
တဖြည်းဖြည်းနဲ့ မှောင်လာပြီ အဟွတ် အဟွတ်"

ကျောင်းသားတစ်ယောက်က Club ထဲမှာ သေနတ်မှန်ချင်ယောင်ဆောင်ပြီး ဒရာမာခင်းသွားတဲ့ စတန်လေမျက်နှာစိမ်းကောင်ရဲ့ မျက်ခွက်အမူအရာ လမ်းလျှောက်တာကအစ ဇာတ်ကောင်အတိုင်း တုပလို့ သရုပ်ဆောင်ပြနေတာကြောင့် အကုန်လုံးက ဝိုင်းရယ်နေကြသည်။

ထိုအချိန်တွင် ကျောင်းသားတွေထဲက တစ်ဆောင်လုံးမှာ အသက်အကြီးဆုံး Repeater အစ်ကိုကြီး ဖိုးချူဆိုတဲ့ တစ်ယောက်က  အခန်းထဲကို ဂစ်တာကြီးတစ်လက် မ,လာသည်။

Smile AgainWhere stories live. Discover now