Zawgyi Ver
ဆေးရုံ အခန်းကြီးထဲမှာ နေရသည်က သိပ်ကို မွန်းကျပ်ဖွယ်ကောင်းလှတယ်။
သူ့ကို ဦးကြီးက တစ်ပတ်ပြည့်မှ ဆင်းခွင့်ပြုမယ်ဆိုလို့ တစ်ပတ်ပြည့်အောင် မှိတ်ကြိတ်နေ နေရတယ်။
တစ်ပတ်ကလည်း ကြာလိုက်တာ ခါတိုင်းပုံမှန် ၂၄နာရီက ဆေးရုံမှာနေရချိန်ဆို ရှစ်သောင်းခြောက်ထောင့်လေးရာ စက္ကန့်များလားတောင်ထင်ရတယ်....။
အဲ့တော့ တစ်ပတ်ပြည့်ဖို့အတွက် ခြောက်သိန်းလေးထောင့်ရှစ်ရာ စက္ကန့်ကြီးများတောင် ထိုင်စောင့်နေရတယ်။ဟူး....လူနာဖြစ်ရတဲ့ဘဝက မလွယ်ပါဘူး။
အခန်းထဲမှာ မွန်းကျပ်လို့ drip ကလေး တန်းလန်းချိတ်ပြီး ဟိုဟိုဒီဒီလမ်းလေးလျှောက်ဖို့ အပြင်ထွက်လာခဲ့လိုက်တယ်။
"ဟား.....အား...."
အဝေးကြီးကတည်းကနေ အော်ကာပြေးလာတဲ့ ကလေးပေါက်စရဲ့ အသံကြောင့် ဘေးလွတ်ရာကို ရှောင်တိမ်းနေလိုက်တယ်။
ကလေးဆိုတော့ မမြင်မကန်း သူ့ကို ဝင်တိုက်မိမှာစိုးရတယ်လေ...။
သူ တမင်တကာ ဘေးကို ရှောင်တိမ်းလိုက်ကာမှ သကောင့်သားလေးက
သူ့ကို တည့်တည့်ဝင်တိုက်လိုက်တာကြောင့် ယိုင်နဲ့သွားကာ တစ်ယောက်ယောက်က သူ့ကို ဝင်ထိန်းပေးလိုက်မှန်း သူသိလိုက်တယ်။
အမလေး.... နာလိုက်တာ.... ။"ဟိုကောင်လေး ဘယ်ပြေးမှာလဲ ဒီကို လာစမ်း
ဆေးရုံကြီးထဲကို လျှောက်မပြေးရဘူးလို့ မင်းမိဘတွေက မဆုံးမဘူးလားကွ..ဟမ်"ထိုကလေးက သူ့ကို လျှာထုတ်ပြီး ပြောင်ပြကာ ထိုနေရာကနေ ပြေးထွက်သွားတယ်။
"ငါ့ကိုများ လျှာထုတ်ပြောင်နေသေးတယ် စွကလေး ဖအေပေးလေး"
ထိုကလေးကို ဒေါသတကြီး အော်ဟစ်ကာ သူ့ကို ဝင်ထိန်းပေးတဲ့ သူကို ကျေးဇူးတင်ဖို့ သူရှိရာဖက် လှည့်လိုက်တယ်။
ထိုလူကို မြင်လိုက်တာနဲ့ ဘာကိုမှ မဆိုနိုင်တော့ပဲ ချက်ချင်းပဲ ဆွံ့အနေသူတစ်ယောက်ရဲ့အဖြစ်ကို ပြောင်းလဲသွားတယ်။ဒီလူ....ဒီလူက သူအရမ်းချစ်ရတဲ့သူ....။
အရာရာကို မိုက်မိုက်ကန်းကန်းနဲ့ စွန့်လွှတ်ပြီး သိပ်ချစ်ခဲ့ရတဲ့ ဒီလူ...။
တစ်လောကလုံးကို ခြေစုံကန်ပြီး သူ့တစ်ယောက်ထဲကိုပဲ ဘဝထင်ပြီး ချစ်ခဲ့ရတဲ့ ဒီလူ...။
သူမဟုတ်တဲ့ တစ်ခြားတစ်ယောက်နဲ့ ယှဉ်လာတဲ့အခါ သူ့ကို မရွေးချယ်ခဲ့တဲ့ ဒီလူ....။
YOU ARE READING
Smile Again
Randomအရာရာကိုစွန့်လွှတ်ပြီး မင်းကိုပဲ ရွေးချယ်ခဲ့တာတောင် တစ်စုံတစ်ယောက်နဲ့ယှဉ်လာတဲ့အခါ မင်းကတော့ ငါ့ကိုစွန့်ပစ်ခဲ့တယ်.......။ ဒီအချစ်တွေက မင်းနဲ့ မထိုက်တန်ပါဘူးဆိုတဲ့ ဖြေသိမ့်စကားလေးရဲ့ နောက်ကွယ်က နာကျင်ခံစားရမှုတွေကိုတော့ ဘယ်သူကများတာဝန်ယူပေးမှာလဲ...။ မ...