EXTRA

1.4K 55 9
                                    

Zawgyi Ver

ကျောင်းကနေအပြန် ဖေဖေ ဝင်ယူခိုင်းထားသည့် ကိတ်မုန့်ကို ယူဖို့ ဆိုင်ထဲသို့ဝင်လိုက်သည်။

"မင်္ဂလာပါရှင် ဘာများကူညီပေးရမလဲရှင်"

"ဟုတ်ကဲ့ ဒီနာမည်နဲ့ မှာထားတဲ့ ကိတ်ကလေး လာယူတာပါ"

"ဟုတ်ကဲ့ရှင့် ခဏစောင့်ပါနော်"

ခဏအကြာမှာတော့ ထိုသွက်လက်ချက်ချာသည့် ဆိုင်အရောင်းဝန်ထမ်းကောင်မလေးက Cake box လေးကို သူ့ကိုကမ်းပေးလာသည်။

Happy Birthday ဝန်းရေ...လို့ ရေးထားသည့် ကိတ်တစ်လုံးပင် ဖြစ်သည်။
လမ်းတစ်လျှောက် ငေးမောရင်း ဖေဖေ၏အကြောင်းကိုပဲ သူ စဉ်းစားနေမိခဲ့သည်။
ဒီလူ၏ မွေးနေ့ရောက်တိုင်း ကိတ်ပေးဖို့ကို သူမမေ့။
ကျွန်တော်၏ မွေးနေ့ကိုသာ တစ်ခါတရံ ဖေဖေမေ့တတ်သည်။

ကျွန်တော် သိတတ်ကတည်းက ဖေဖေဟာ ဤလူနှင့်ချစ်ကြိုက်နေကြောင်း နားလည်သည်မို့ ယောကျာ်းနှစ်ယောက်ရဲ့အကြားက ချစ်ခြင်းတရားဆိုသည်မှာ ကျွန်တော်နှင့်မစိမ်းသက်တော့ပါ။
ဤအသက်အရွယ်ထိ အခြေအနေပေါင်းများစွာနှင့် ကျွန်တော်ရင်ဆိုင်ခဲ့ပြီးပြီဖြစ်သည်။

"ရောက်လာပြီလား"

ဉာဏ်ကောင်းက လက်ထဲက ကိတ်ကို ဝန်းရံခထံ ပေးလိုက်သည်။

"ကျေးဇူးပဲ"

ကိတ်ပေးပြီးသည်နှင့် ဉာဏ်ကောင်းက သူ၏အခန်းထဲသို့ ဝင်သွားသည်။

ချက်ချင်းပဲ နိုတီဝင်လာသည့် မက်ဆေ့ခ်ျတစ်စောင်။

"Happy Birthday နော် ဝန်း
ဒီနေ့ စောစောပြန်မလာနိုင်တာ တကယ်ကို ဆောရီးပါ"

"အင်း...ရပါတယ်
စောင့်နေမယ်နော်"

ညဘက် စားပွဲဝိုင်းမှာ လူသုံးယောက်ရှိပေမယ့်လို့ စကားသံတစ်ချို့ကတော့ တိတ်ဆိတ်ပျောက်ကွယ်နေသည်။

"ဉာဏ်ကောင်း ပုဇွန်တွေထည့်စားလေ"

ပထွေးလို့ပင် ခေါ်ရမလား။
စကားလှလှသုံးရရင်ဖြင့် ကျွန်တော်၏ ဒုတိယဖေဖေက စားပွဲပေါ်က ဟင်းတွေကိုထည့်စားဖို့ပြောလာခဲ့သည်။
အရင်က ဒီလူက ဒီလိုမျိုးပြောရင် ထမင်းပန်းကန်ကြီး လွင့်ပစ်ချင်လောက်အောင် စိတ်တိုမိသည်။
သဘောကောင်းချင်ယောင် သိပ်ကိုဟန်ဆောင်လွန်းသည်လို့မှတ်ချက်ပေးမိသည်။
အခုတော့လည်း ကြားနေကျ ဖြစ်သွားသည့် စကားမို့အရင်လိုတော့ စိတ်မတိုမိတော့ပါ။

Smile AgainWhere stories live. Discover now