Zawgyi Ver
ဒီနေ့ ဆေးရုံအုပ်က လူနာတစ်ယောက်ကို စောင့်ရှောက်ပေးဖို့ အထူးတလည်တောင်းဆိုလာတာကြောင့် သူ လက်ခံခဲ့မိသည်။
ဆေးရုံအုပ်ကြီးက ဆွေမျိုးအရင်းအချာလိုပင် သူ့အပေါ်မှာ အလွန်ကောင်းသည်။
ထက်ရှိန်လို ပညာတော်ပြီး မပြည့်စုံသည့် လူငယ်တွေကို မြေထောင်မြှောက်ပေးနေသည့် လေးစားဖွယ်ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်သည်။
စကားစပ်ရင်း ပြောမိကြရာက ထက်ရှိန်ရဲ့ဖခင်ဖြစ်သူနဲ့ ဆေးရုံအုပ်ကြီးတို့က သူငယ်ချင်းအရင်းတွေဆိုတာကြောင့်လည်း ထက်ရှိန်ကို ပိုပြီးအားကိုးကာ အလေးပေးသည်။
ထက်ရှိန်ကို နယူးဇီလန်မှာ ဘွဲ့လွန်အတွက်ကျောင်းသွားတတ်ဖို့ကိုလည်း သူကပဲ အစစအရာရာထောက်ပံ့ပေးခဲ့တာပင် ဖြစ်သည်။ခြံရှေ့ကို ရောက်တာနဲ့ ခြံစောင့်က တံခါးလာဖွင့်ပေးပြီး
ကားရပ်လိုက်သည်နှင့်တပြိုင်နက် ဆေးရုံအုပ်ကြီးက အိမ်ရှေ့ကနေထွက်ကြိုလို့နေသည်။"ရောက်လာပြီလား"
"ဟုတ်ကဲ့ ဆရာ"
"လာလာ အိမ်ထဲဝင်ခဲ့ ဒီမှာ ခဏထိုင်နေခဲ့ဦးနော်"
သူ့ကို ဧည့်ခန်းထဲမှာ ထိုင်ခိုင်းစေပြီး ခဏအကြာမှာတော့ ဆေးရုံအုပ်ကြီးနဲ့ အသက်ခပ်ကြီးကြီး အမျိုးသမီးတစ်ဦးတို့ စကားတပြောပြောနဲ့ မီးဖိုချောင်ဘက်က ပြန်ထွက်လာကြသည်။
"ဒေါက်တာထက်ရှိန် ဒါက ဆရာ့ရဲ့အစ်မ ဒေါ်စန်းခင်တဲ့
လူနာကတော့ အပေါ်ထပ်မှာ ဟိုတစ်နေ့က အစာအိမ်သွေးကြောပေါက်လို့ မင်း ခွဲစိတ်လိုက်ရတဲ့လူနာလေ"ဒေါ်စန်းခင်က ထက်ရှိန်ကိုမြင်တော့ နှစ်လိုအားရပြုံးပြပြီး
"ဟို ဆရာဝန်လေးပဲကို "
"ဟုတ်ကဲ့ ကြီးမေ"
ဒါဆို သူ စောင့်ရှောက်ခွင့်ရတော့မယ်လူနာက ဝန်း ပေါ့။
သူ့ကိုသူတောင် မထိန်းချုပ်လိုက်မိဘဲ မျက်နှာမှာ အပြုံးပန်းတွေပွင့်သွားတယ်။"မကြီး ဒါဆို ငါပြန်တော့မယ်
ထက်ရှိန်ကို လိုအပ်တာတွေ လုပ်ပေးလိုက်ပါဦး"
YOU ARE READING
Smile Again
Randomအရာရာကိုစွန့်လွှတ်ပြီး မင်းကိုပဲ ရွေးချယ်ခဲ့တာတောင် တစ်စုံတစ်ယောက်နဲ့ယှဉ်လာတဲ့အခါ မင်းကတော့ ငါ့ကိုစွန့်ပစ်ခဲ့တယ်.......။ ဒီအချစ်တွေက မင်းနဲ့ မထိုက်တန်ပါဘူးဆိုတဲ့ ဖြေသိမ့်စကားလေးရဲ့ နောက်ကွယ်က နာကျင်ခံစားရမှုတွေကိုတော့ ဘယ်သူကများတာဝန်ယူပေးမှာလဲ...။ မ...