Part 27

875 49 18
                                    

Zawgyi Ver

"ဝန်းရံခ!!!"

"မင်း သတ္တိတွေ သိပ်ကောင်းနေတယ်ပေါ့"

ထက်ရှိန် လှမ်းဆွဲလိုက်တဲ့ လက်ကို ဝန်းရံခ ခါချလိုက်သည်။

"အေး...သွား
သွားပြီးရင်တော့ ဘယ်တော့မှ ငါ့ဆီကို ပြန်မလာနဲ့"

ဝန်းရံခ နောက်သို့ပင် လှည့်မကြည့်ဘဲ လှေကားထစ်တွေအတိုင်း ဆင်းမြဲ ဆင်းနေဆဲ။
အတားအဆီးမဲ့ ကျဆင်းလာတဲ့ မျက်ရည်တွေကို လစ်လျူရှုပစ်ခဲ့သည်။

မဟုတ်ဘူးလေ...ငါ ဒီလိုမလုပ်ချင်ဘူး။
ကျေးဇူးပြုပြီး ခြေလှမ်းတွေကို ရပ်တန့်လိုက်ပါ။
သူသာ လိုက်မခေါ်ဘူးဆိုရင် တကယ်ပဲဝေးရတော့မှာ။
ဒါက နောက်ဆုံးလှေကားထစ်ပဲ။
မင်း ငါ့ကို တကယ် မတားတော့ဘူးလား။

ခြံအပြင်ကိုရောက်မှန်းမသိ ရောက်လာနေတဲ့ သူ့ရဲ့ခြေလှမ်းတွေဟာ အသိစိတ်တို့ လွင့်ပါးနေခဲ့သည်။

တကယ်လိုက်မခေါ်ဘူးပဲ...။
ငါ တကယ်ရူးနေတာပဲ...။
ဘာလို့များ ထွက်လာခဲ့ရပါလိမ့်...။

ခြံဝမှာ ဆောင့်ကြောင့်ထိုင်လိုက်ရင်း
မိုက်မဲမှုအတွက် သူ့ကိုယ်သူအပြစ်တင်ကာ ငိုကြွေးရင်း သူ့ရဲ့ဦးခေါင်းကို  အပြန်ပြန်အလှန်လှန် ထုရိုက်နေမိသည်။
ဒီအခြေအနေရောက်မှတော့ ပြန်မလာပါနဲ့ ပြောထားတာကို ဘယ်လိုပြန်သွားရမှာလဲ။
ဒါမှမဟုတ် အရှက်မဲ့စွာနဲ့ပဲ ပြန်တောင်းပန်ရမလား။
သူ့ဘက်က မှားနေတာလည်း မရှိပါဘဲနဲ့။

ခြံဝမှာ ခဏတစ်ဖြုတ်တော့နေလိုက်ဦးမည်။
အနေကြာလာတော့ ကောင်းတာ ဘာမှမရှိပေမယ့် ဒီအိမ်ကြီးနဲ့ ခွဲရမယ်ဆိုတော့ သံယောဇဉ်တော့ ဖြစ်မိသား။

တရွေ့ရွေ့ပျောက်ကွယ်သွားတဲ့ ဝန်းရဲ့ကျောပြင်ကိုသာ ငေးပြီး လှေကားထိပ်မှာ ကြောင်ကာ ရပ်နေဆဲ။
တကယ်ထွက်သွားတာပဲ...။
သူ့ကို တစ်ခါလေးတောင် လှည့်မကြည့်ဘူး။

မင်း တကယ်ရက်စက်တယ် ဝန်းရံခ...။

"မဟုတ်ဘူး ဝန်း...မသွားနဲ့"

လိုက်မခေါ်ဘူးလို့ ပြောတာငါပါ...။
ဒီကောင်က မင်းမရှိဘဲ နေနိုင်မှာတဲ့လား။

Smile AgainWhere stories live. Discover now