Zawgyi Ver
ဝန်းရံခ နံရံရဲ့အနီးနားကို တိုးကပ်လို့ လေသံလေးနဲ့
"ထက်ရှိန် မင်း အချိန်ရရဲ့လား
ငါ မင်းနဲ့ စကားပြောချင်တယ်""ရတာပေါ့ ဝန်းရဲ့"
"မနက်ကျရင် အစောကြီးထရမှာမို့လား
ငါ အများကြီးမပြောပါဘူး
မြန်မြန်ပဲ ပြောမှာ""အင်း ကိုယ်နားထောင်နေတယ်"
ဝန်းရံခက နံရံကို သူ့ရဲ့ ခေါင်းလေးနဲ့ ကပ်ထားလိုက်တယ်။
"ငါ မနက်ဖြန်ကျရင် ပြန်ရတော့မှာ
နောက်နေ့ကစပြီး မင်းကို တွေ့လို့ ရတော့မှာမဟုတ်ဘူး"ထက်ရှိန် စကားတစ်လုံးကိုတောင် လေးတွဲ့စွာနဲ့ သံရှည်ဆွဲပြီး ဖြေနေမိတယ်။
"အင်း....."
"အဲ့တာ.......
မင်း စာမေးပွဲပြီးရင် ငါ့ကို လာတွေ့မှာလား ဟင်..."ထက်ရှိန်ထံမှ ဘာသံမှ မကြားရတာကြောင့် ဝန်းရံခရဲ့မျက်နှာက နှုတ်ခမ်းလေးစူပြီး ရှုံ့မဲ့လို့လာရသည်။
"ဟင်လို့ ...ငါ ပြောတာ မင်းမကြားရတာလား"
"အင်း ကြားရတယ်
ကိုယ်နည်းနည်း အိပ်ချင်နေလို့""အဲ့တာဆိုလည်း အိပ်တော့လေ"
အမှန်တိုင်းပြောရရင် ထက်ရှိန် တစ်နေလုံး စိတ်တွေလည်းရှုပ် ခေါင်းတွေပူနေမိသည်မှာ အမှန်ပင်။ ဝန်းရဲ့အသံကို ကြားလိုက်ရတော့မှ တင်းထားသမျှ စိတ်တွေပြေလျော့ကာ အိပ်ချင်စိတ်တွေဖြစ်ပေါ်လာပြီး
တစ်ခုခုကိုပြန်ပြောဖို့အတွက်တောင် အားမရှိတော့။ ဒီလိုစိတ်နဲ့များ နောက်ရက်တွေကို ဝန်းမရှိဘဲ ဘယ်လိုများဖြတ်ကျော်ရမှာလဲလေ...။
ချစ်ရသူရဲ့လက်ကလေးကို ခဏတာမျှ ကိုင်တွယ်ခွင့် ရတာပဲဖြစ်ဖြစ်
ခဏပဲဖြစ်ဖြစ် ထွေးပွေ့ထားချင်မိသည်။တစ်ဖက်ကနံရံမှာ မင်းရှိနေတယ်ဆိုတဲ့ အသိလေးကပင် ကိုယ့်ရင်ကိုနွေးထွေးစေတယ် ဝန်း....။
"ဟင့်အင်း...ကိုယ် မအိပ်သေးဘူး ဝန်းရဲ့အသံကိုကြားချင်သေးတယ် စကားပြောပေးနော်"
"အင်းပါ"
ဝန်းရံခ တစ်ယောက်တည်း စကားတွေအများကြီး ပြောပေးနေပေမယ့် မကြာခင်မှာပဲ ထက်ရှိန်ဆီက စိုးစဉ်းသော အသံမျှမကြားရဘဲ ငြိမ်ဆိတ်လို့နေတော့သည်။
YOU ARE READING
Smile Again
Randomအရာရာကိုစွန့်လွှတ်ပြီး မင်းကိုပဲ ရွေးချယ်ခဲ့တာတောင် တစ်စုံတစ်ယောက်နဲ့ယှဉ်လာတဲ့အခါ မင်းကတော့ ငါ့ကိုစွန့်ပစ်ခဲ့တယ်.......။ ဒီအချစ်တွေက မင်းနဲ့ မထိုက်တန်ပါဘူးဆိုတဲ့ ဖြေသိမ့်စကားလေးရဲ့ နောက်ကွယ်က နာကျင်ခံစားရမှုတွေကိုတော့ ဘယ်သူကများတာဝန်ယူပေးမှာလဲ...။ မ...