Part 37

1K 49 6
                                    

Zawgyi Ver

လေးလံလွန်းသည့် ထက်ရှိန်ရဲ့ ခန္ဓာကိုယ်ကြီးကို ကုတင်ပေါ် အရောက်ပို့ပြီးသည့်နောက် ဝန်းရံခ လှည့်ထွက်ဖို့ပြင်စဉ် ဆွဲကိုင်ထားသည့် လက်ချောင်းများ။
လက်ကိုရုန်းထွက်ဖို့အလုပ်မှာ ကမန်းကတမ်း ဆောင့်ဆွဲခြင်းကို ခံလိုက်ရပြီးသည့်နောက် ခန္ဓာကိုယ်တစ်ပတ်လည်ပြီး ပွေ့ဖက်ခြင်းခံလိုက်ရသည်။
လက်ရှိအနေအထားက ထက်ရှိန်က ကုတင်ပေါ်မှာထိုင်လျက်ရှိနေပြီး မတ်တပ်ရပ်နေသည့် ဝန်းရဲ့ရင်ခွင်ထဲမှာ ခေါင်းအပ်လို့ထားရင်း
အသံတိတ်ရှိုက်ငိုနေမိသည်။

"ထွက်မသွားပါနဲ့ ဝန်း...
တကယ် တောင်းပန်ပါတယ်"

တောင်းပန်ပါတယ် ဆိုတဲ့စကားထက်လည်း မင်းယုံအောင် ပိုမပြောတတ်တော့ဘူး။
ကိုယ့်အပေါ် မကျေနပ်ခဲ့သမျှ တန်းစီပြောပြီး မင်း ကျေနပ်တဲ့ထိ ကိုယ့်ကိုရိုက်နှက်ခံရတာကမှ ကောင်းဦးမယ်။
နားလည်ပါပြီ...။လစ်လျူရှုခြင်းခံရတာက ဘယ်လောက်ထိ ဆိုးဝါးမှန်း။

"ကိုယ် ဘာလုပ်ပေးလို့ ရနိုင်မလဲ
ဟင်...ဝန်း...ပြော"

ကိုယ် တကယ်မင်းကို အလေးအနက်ထားခဲ့ပါတယ်
အခြေအနေတွေက အလေးမပေးခဲ့ရုံပါပဲ...။

တုန်လှုပ်ခြင်းမရှိ ပကတိငြိမ်သက်နေတဲ့ ဝန်းထံမှ အေးစက်စက် ပြောစကားတွေက အက်စစ်မီးလိုပဲ ပြင်းထန်စွာလောင်မြိုက်စေခဲ့သည်။

"နောက်ကျသွားခဲ့ပြီ
အားလုံးက ပြီးဆုံးခဲ့ပြီလေ
မင်းက ဘာလုပ်နိုင်မှာမို့လို့လဲ"

"နောက်ကျတယ်ဆိုပေမယ့် 
ကိုယ့်မှာပြင်ဆင်ဖို့ အခွင့်အရေးရှိတယ်မဟုတ်လား...
ပြောပါ...မင်း စိတ်တိုင်းကျ အရာအားလုံးကို ပြုပြင်ပြောင်းလဲပေးမယ်"

ဝန်းက လှောင်ရယ်သလို အပြုံးမျိုးနဲ့ သူ့ကို ခပ်စေ့စေ့ကြည့်ကာ

"ကောင်းပြီလေ...ငါ့သဘောထားကို ပြောဆိုလည်း ပြောပြရတာပေါ့
ဒါပေမယ့် မင်းလုပ်မှာမဟုတ်ဘူးဆိုတာ ကျိန်းသေပေါက်ပဲ"

ဘာလို့အဲ့လောက်ထိ ခိုင်ခိုင်မာမာ ပြောဆိုနေရတာလဲ။
မင်းအတွက်ဆို ကိုယ့်အသက်တောင် နှမျောမနေပါဘူး ဝန်းရယ်။
မင်းကို အဲ့လောက်ထိ ချစ်ပါတယ်။

Smile AgainWhere stories live. Discover now