Zawgyi Ver
"တကယ်သွားတော့မှာပေါ့"
"အင်း"
မနေ့ညက ဝင်လာတဲ့ ဖုန်းတစ်ကောလ်ကြောင့် ဒီနေ့မနက် ရုတ်တရက်ကြီး မန္တလေးကိုပြန်ဖို့ ပြင်ဆင်နေသည့် ထက်ရှိန်။
အခန်းထဲမှာရှိတဲ့ ပစ္စည်းတစ်ချို့ကို ကမန်းကတန်းသိမ်းနေသည်မှာ အလျင်လိုနေသည့်ဟန်။
ဝန်းရံခကတော့ ဘေးမှာတစ်လျှောက်လုံး မျက်လုံးဝိုင်းတွေနဲ့ ငြိမ်ငြိမ်လေးပဲ ရပ်ကြည့်နေခဲ့သည်။"ဘယ်တော့ ပြန်လာမှာလဲ"
အိတ်ထဲကို ထည့်လက်စ အဝတ်ခေါက်အား ရပ်တန့်ထားလိုက်ရင်း ဝန်းရံခကို လှည့်ကြည့်လို့လာသည်။
ပြီးတော့ စကားတို့ကိုလေးပင်စွာနဲ့ တစ်လုံးချင်း ပြောလာသည်။"မပြောတတ်သေးဘူး
အရမ်းကြီးလည်း မျှော်မနေပါနဲ့"အိမ်ကထွက်သွားခါနီး ဆိုင်ကယ်ထွက်လုဆဲဆဲမှာပဲ ထက်ရှိန်ရဲ့လက်တို့ကို စိုးရိမ်တကြီးဆွဲထားမိသည်။
ဝေ့ဝဲလာသည့် မျက်ရည်စတို့ကို မျက်လွှာလေးချကာ ထိန်းချုပ်ထားရင်းပြောချင်ခဲ့တဲ့ စကားလေးတစ်ခွန်း.......
ငါ့ဘေးနားက ထွက်မသွားပါနဲ့...။
ငါ့မှာ တားမြစ်ပိုင်ခွင့်မရှိပါဘူး။ ပြန်လာချင်တဲ့အချိန်ပြန်လာပြီး ထွက်သွားချင်တဲ့အချိန်ထွက်သွားနေတဲ့ ငါ့မျက်ကွယ်မှာရှိနေတဲ့မင်းကို
ဘယ်လိုများ စိတ်ချနိုင်ပါ့မလဲ။
ဒါပေမယ့် ငါ ဘာများတတ်နိုင်မှာလဲ။
ထားခဲ့ဖူးတဲ့ကတိတွေနဲ့ ရစ်နှောင်ထားတဲ့သံယောဇဉ်တွေ
မင်းရဲ့ဘေးမှာ အမြဲရှိနေနိုင်ဖို့ အရာအားလုံးကို စွန့်လွှတ်ခဲ့ရတဲ့ ငါ့အပေါ်မှာတော့ ဘယ်တော့မှမလုပ်လောက်ဘူးမလား။"မြန်မြန်ပြန်လာခဲ့နော်"
ခေါင်းတစ်ချက်သာ ငြိမ့်ပြပြီး အလျင်စလိုထွက်ခွာသွားသည့် ကျောပြင်ကျယ်ကို မျက်စိတစ်ဆုံးငေးကြည့်မိခဲ့သည်။
ထိုအရိပ်ပျောက်ကွယ်သွားသည်နှင့်တပြိုင်နက် ခြံရှေ့မှာ ဒူးတုပ်ချလိုက်မိသည်။
ဒီတစ်ခေါက်ခွဲခွာခြင်းမှာ အမည်မသိသော စိုးရိမ်ပူပန်မှုနဲ့သောကတွေက သူ့ထံစိုးမိုးနေခဲ့သည်။
ပါးထက်မှာ တလိမ့်လိမ့်ကျဆင်းလာတဲ့ မျက်ရည်စတို့က မလိုအပ်ဘဲနဲ့လား။
YOU ARE READING
Smile Again
Randomအရာရာကိုစွန့်လွှတ်ပြီး မင်းကိုပဲ ရွေးချယ်ခဲ့တာတောင် တစ်စုံတစ်ယောက်နဲ့ယှဉ်လာတဲ့အခါ မင်းကတော့ ငါ့ကိုစွန့်ပစ်ခဲ့တယ်.......။ ဒီအချစ်တွေက မင်းနဲ့ မထိုက်တန်ပါဘူးဆိုတဲ့ ဖြေသိမ့်စကားလေးရဲ့ နောက်ကွယ်က နာကျင်ခံစားရမှုတွေကိုတော့ ဘယ်သူကများတာဝန်ယူပေးမှာလဲ...။ မ...