Zawgyi Ver
လမ်းတစ်လျှောက်မှာ ပျံ့လွင့်နေတဲ့ ရော်ရွက်ကြွေကလေးများနှင့် နွေဦးရဲ့အငွေ့အသက်များ။
မြူတွေဆိုင်းကာ မှုန်မှိုင်းမှိုင်းနှင့်မို့ တစ်ခုခုကို လွမ်းနေတာလိုလို ဆွေးနေရသလို။
ပေါက်ပန်းနီနီတွေပျံ့ကြဲနေတဲ့လမ်းမကြီးက အတိတ်တစ်ခုကို သတိရမိစေပြန်သည်။
ကားမှန်တံခါးကို ဖွင့်ချပြီးသည့်နောက် လွမ်းမောဖွယ် အငွေ့အသက်တို့ကို တစ်ဝကြီးရှုရှိုက်မိသည်။
လေနှင့်အတူ ငှက်ကလေးများ၏ ပယောဂမကင်းစွာ လွင့်ပါးလာသည့် လက်ပံတစ်ပွင့်ဟာ သူ့ထံပါး ဆိုက်ဆိုက်မြိုက်မြိုက် ကြွေကျလာခဲ့သည်။ကားပြတင်းကိုဖြတ်ကျော်ကာ သူ့အပေါ်မှာကြွေကျလာသည့် လက်ပံပွင့်ကလေးကို ခပ်ဆွေးဆွေးကြည့်ရင်း မငိုကြွေးပါဘဲ ကြွေကျလာသည့်မျက်ရည်စများ။
အတိတ်က မကောင်းခဲ့ပေမယ့် အဖြစ်အပျက်တွေက လွမ်းမောရတာပါပဲ။"ဟော...ငိုပြန်ပြီ
မင်းမှာလည်း လက်ပံပွင့်ကြည့်ပြီး ငိုလို့ဖြစ်တာပဲ"ဘေးကနေ ကားမောင်းရင်း ဝလ္လာက တဗျစ်တောက်တောက်လုပ်နေသည်။
နှစ် နှစ်ဆယ်ကျော်ကြာအောင် မရောက်ဖြစ်ခဲ့သည့် ဤကျောင်းတော်ကြီးမှာလည်း အရင်လိုလွမ်းမောဖွယ် ကောင်းနေဆဲ။
ပြောင်းလဲသွားသည်ကတော့ အဆောက်အဦများနှင့်နေရာတစ်ချို့။
ကျောင်းပေါက်ဝက စိန်ပန်းပင်အိုကြီးဆီက အနီရောင်စိန်ပန်းပွင့်တို့က မြိုင်မြိုင်ဆိုင်ဆိုင်ပွင့်ဖူးလို့နေသည်။
ဒီနေရာက ကျောင်းရဲ့ စက်ဘီးစတန်းဖြစ်သည်။
မြင်ယောင်မိတဲ့ အတိတ်ကပုံရိပ်ယောင်များဟာ နှစ်ပေါင်းများစွာကြာလည်း မနေ့တစ်နေ့ကလိုပင် စွဲထင်နေဆဲ။
ရုတ်တရက်လေပြေနဲ့အတူ ငြိတွယ်လာတဲ့ စိန်ပန်းပွင့်ဖတ်ငယ်ဟာ သူ့ရဲ့ဆံပင်တွေအပေါ်ငြိတွယ်ချိန် ဖယ်ရှားပေးလာသည့် လက်ချောင်းရှည်များ။
ထိုအချိန်က ငယ်ရွယ်ချောမောလှသည့် သူ့ကို ပထမဆုံးအနေနဲ့အနီးကပ်မြင်ဖူးခဲ့ရခြင်းဖြစ်သည်။ရင်သပ်ရှုမောရတဲ့ခံစားချက်ကလည်း ထိုအချိန်တုန်းက အတိုင်းပင်။"ဟေ့...အဲ့မှာ ဘာလုပ်နေတာလဲ
သွားမယ်
ဟိုမှာ အခမ်းအနားက စတော့မယ်"
YOU ARE READING
Smile Again
Randomအရာရာကိုစွန့်လွှတ်ပြီး မင်းကိုပဲ ရွေးချယ်ခဲ့တာတောင် တစ်စုံတစ်ယောက်နဲ့ယှဉ်လာတဲ့အခါ မင်းကတော့ ငါ့ကိုစွန့်ပစ်ခဲ့တယ်.......။ ဒီအချစ်တွေက မင်းနဲ့ မထိုက်တန်ပါဘူးဆိုတဲ့ ဖြေသိမ့်စကားလေးရဲ့ နောက်ကွယ်က နာကျင်ခံစားရမှုတွေကိုတော့ ဘယ်သူကများတာဝန်ယူပေးမှာလဲ...။ မ...