Zawgyi Ver
လေရူး၏ ဆတ်ဆော့မှုကြောင့် လွင့်ပါးခဲ့ရတဲ့ ရွက်ဟောင်းကလေးများနဲ့ ပေါက်ပန်းနီနီ လက်ပံပွင့်တွေကို မြင်ရပြန်တော့ တစ်ချိန်က နှစ်ယောက်အတူသွားခဲ့ဖူးတဲ့ အိမ်ပြန်လမ်းလေးကို အောက်မေ့မိပါရဲ့...။
ဆယ်တန်းစာမေးပွဲ ဖြေပြီးကတည်းက ဝန်းရံခ ဂဏှာမငြိမ်ဖြစ်နေရသည်။
မန္တလေးကို သွားပြီး ထက်ရှိန်ဆီကို သွားတွေ့ချင်တဲ့စိတ်က ထိန်းမရလောက်အောင်ဖြစ်နေသည်။
ဒီနေ့မှာတော့ မိဘတွေမသိအောင် ဟိုလိုလိုဒီလိုလိုနဲ့ မနက် အစောကြီးကတည်း ကားဂိတ်ကို တစ်ယောက်တည်းထွက်လာပြီး လူကြီးတွေမပါဘဲ အဖော်မပါသည့်ခရီးကို ပထမဦးဆုံး နှင်လာမိခြင်းပင်ဖြစ်သည်။
လမ်းဘေးဘီဝဲယာက လယ်ခင်းပြင်လေးတွေက စိတ်ချမ်းမြေ့မှု အတိပြီးစေပြီး တောင်စွယ်ကနေ တဖြည်းဖြည်းနဲ့ရောင်နီသန်းလာပြီး မြင့်တက်လာနေပြီဖြစ်တဲ့ ရွှေဝါရောင်နေလုံးကြီးကို ကားပြတင်းကနေ ငေးလို့အကြောင်းအရင်းမဲ့လှစွာ နှစ်ထောင်းအားရပြုံးလိုက်မိသည်။ချစ်သူရှိသောအရပ်ဟာ ခြေအဆန့်ချင်ဆုံးခရီးဖြစ်ခဲ့တယ်။
လမ်း၃၀က ဆေးရုံကြီးအရှေ့မှာပဲ ဆင်းပြီး မကြာသေးမီကမှ ကြီးမေဆီက လက်ဆောင်ရထားတဲ့ Phone အသစ်စက်စက်ကလေးကိုထုတ်ပြီး ဖုန်းလှမ်းဆက်ကာ ထက်ရှိန်အလာ ရပ်စောင့်နေလိုက်သည်။
ထက်ရှိန် ဝန်းရံခဆီက ဖုန်းဝင်လာပြီးတဲ့နောက် အဆောင်ကနေ ကမန်းကတမ်းနဲ့ ဆေးရုံကြီးအရှေ့သို့ ပြေးထွက်လာခဲ့သည်။
ရှပ်အဖြူလေးခံပြီး မိုးပြာရောင်ဖျော့ဖျော့ဂျင်းလက်ရှည်နဲ့ ဂျင်းပန့်အနက်ရောင်ကိုတွဲဖက်ပြီး ဝတ်ဆင်ထားတဲ့ ဝန်းရံခက တက္ကသိုလ်ကျောင်းသားဖြစ်တဲ့ သူ့ထက်ပင် လန်းဆန်းလို့နေသေးသည်။
ဘော်ဒါဆောင်မှာ ပုဆိုးပဲအမြဲဝတ်ရသည်မို့ ဒီလိုပုံစံလေးနဲ့ ဝန်းကို ထက်ရှိန်မမြင်ဘူးသေးတာကြောင့် ပါးစပ်ကိုခပ်တင်းတင်းစေ့ရင်း အသိစိတ်လွတ်စွာ ငေးမောနေမိသည်။
ဆေးရုံအနီးအနားရှိ ဖြတ်သွားဖြတ်သွားလူတန်းစားအရပ်ရပ်တို့၏ အကြည့်တိုကိုမခံမရပ်နိုင်စွာ ဝန်းရံခရဲ့ရှေ့မှောက် ထီးထီးမားကြီး ပိတ်ရပ်ပစ်လိုက်သည်။
သူ့ရှေ့မှာ ရောက်နေပြီဖြစ်တဲ့ ထက်ရှိန်ကို ဝန်းရံခ ပါးချိုင့်လေးတွေပေါ်သည်အထိ ပြုံးပြလိုက်သည်။
YOU ARE READING
Smile Again
Randomအရာရာကိုစွန့်လွှတ်ပြီး မင်းကိုပဲ ရွေးချယ်ခဲ့တာတောင် တစ်စုံတစ်ယောက်နဲ့ယှဉ်လာတဲ့အခါ မင်းကတော့ ငါ့ကိုစွန့်ပစ်ခဲ့တယ်.......။ ဒီအချစ်တွေက မင်းနဲ့ မထိုက်တန်ပါဘူးဆိုတဲ့ ဖြေသိမ့်စကားလေးရဲ့ နောက်ကွယ်က နာကျင်ခံစားရမှုတွေကိုတော့ ဘယ်သူကများတာဝန်ယူပေးမှာလဲ...။ မ...