Chapter 13.1 (Unicode)

92 8 1
                                    

အခန်း ၁၃

ရစ်ချက်ကပဲ စလိုက်သည်။

"မင်း ဘာလို့ အဲမိန်းမကို အဲလောက် သဘောကျနေရတာလဲ"

ကယ်ရော လာမလာ မသေချာသေးဘဲနှင့်ပင် ရစ်ချက်နှင့် ချိန်းထားတာ ဖျက်လိုက်သည့် ညနေခင်းက ဖြစ်သည်။ ကယ်ရောက ရောက်မလာ။ ရစ်ချက်က ရောက်လာ၏။ အခု သူတို့နှစ်ယောက်က နေ့လယ် ၁၁နာရီ၅မိနစ်အချိန်မှာ လက်စင်တန်ရိပ်သာလမ်းမှ နံရံကို ပန်းရောင်သုတ်ထားသည့် စားသောက်ဆိုင်ကြီးတွင် ဖြစ်သည်။ တရက်ဇ်က သူ စပြောလိုက်မည် လုပ်ပေမယ့် ရစ်ချက်ကပဲ စပြောလိုက်သည်။

"ကျွန်မ သူနဲ့ရှိရတာ သဘောကျလို့ပေါ့။ သူနဲ့ စကားပြောရတာကို နှစ်သက်မိတယ်။ ကျွန်မ စကားပြောလို့ရမယ့် ဘယ်သူကိုမဆို ကျွန်မ သဘောကျတာပဲ"

ကယ်ရောအတွက် ရေးထားပြီး မပို့ဖြစ်သည့် စာမှ စကားစုများက တရက်ဇ် စိတ်ထဲ ရုတ်တရက် ဝင်ရောက်လာပြီး၊ ထိုစကားများနှင့်ပင် ရစ်ချက် မေးလာတာကို ပြန်ဖြေလိုက်၏။

'ကျွန်မက သဲကန္တာရမှာ လက်တွေကို အတောင်ပံဖြန့်ထားသလို ဆန့်ထားပြီး မတ်တပ်ရပ်နေရင်း ... ရှင်ကတော့ မိုးရေစက်တွေလို ကျွန်မကိုယ်ပေါ်မှာ တသွင်သွင် သွန်းဆင်းလာတာပေါ့လေ'

"မင်းတော့ အဲမိန်းမကို ကြိုက်နေပြီပဲ"

ရစ်ချက်က ပြတ်ပြတ်သားသားနှင့် မကျေမချမ်း ပြောလိုက်သည်။

တရက်ဇ်က ပင့်သက်ရှည်ကို ရှိုက်ယူလိုက်သည်။ အမှန်ပဲဆိုပြီး ရိုးရိုးသားသား ပြောလိုက်ရမလား။ ဒါမှမဟုတ် ဒါကို ပြန်ရှင်းပြဖို့ ကြိုးစားရမလား။ စကားလုံးပေါင်း သန်းချီအောင် သူ ရှင်းပြလျှင်တောင် ရစ်ချက်ကရော ဘာနားလည်မှာလဲ။

"အဲမိန်းမရော သိလား။ ဒါပေါ့ ... သူ သိမှာပေါ့"

ရစ်ချက်က မျက်မှောင်ကြုတ်လိုက်ပြီး၊ စီးကရက်ကို ဖွာလိုက်သည်။

"မိုက်မဲတာပဲလို့ မင်း မတွေးဘူးလား။ မင်းတော့ ကျောင်းသူလေးတွေလို ထူးထူးဆန်းဆန်းတွေ ကြိုက်နေမိပြီ"

"ကို နားမလည်ပါဘူး"

တရက်ဇ်က ပြောလိုက်၏။

Carol (မြန်မာပြန်)Where stories live. Discover now