Ep27~From sunrise till sunset with you~

4.1K 102 12
                                    

~The brightness that follows a sunrise will never be bright for a long day. But it can change the brightness of Moonlight after a sunset~

ဒီနေ့တော့ ချေမိုးနဲ့တူတူ ချေမိုးအဖေ့ဆီသွားတွေ့ဖို့ လုပ်ထား​ကြသည်။ ချေမိုးသူ့ကိုပြောတာကတော့ သူကအဖေနဲ့အဆက်အသွယ်မလုပ်ဖြစ်တာ ကြာပြီတဲ့။ ဒါပေမယ့် ရုတ်တရက်ကြီး အဖေ့ဆီတူတူသွားကြမယ်လို့​ ချေမိုးသူ့ကိုပြောလာတော့ အံ့သြသွားခဲ့သည်။ လန့်နေခဲ့တာဆို ပိုမှန်မည်။ သွားတွေ့လို့ ရလာမယ့်အကျိုးဆက်ကို ကြိုသိနေတယ်လို့ပဲ စိတ်ထဲမှာ တစ်ထစ်ချယုံကြည်နေသည်။

"မကြောက်ပါနဲ့။ ကိုယ်ရှိတယ်"

"ငါမကြောက်ပါဘူး။ ဒါပေမယ့် ငါတို့ကြောင့် မိဘတွေစိတ်ဆင်းရဲနေတာတွေးမိ​တော့ အပြစ်ရှိသလိုခံစားရတယ်"

တစ်ကယ်တမ်းတော့ တစ်ယောက်နဲ့တစ်ယောက်ချစ်ကြတာ အပြစ်မရှိပေမယ့် သူရဲ့ချစ်ခြင်းဟာအပြစ်ရှိတယ်လို့ ရည်မွန်ခံစားနေရသည်။ အခြားလူတွေအတွက်က ချစ်ခြင်းဟာလှပတဲ့အရာတစ်ခုဖြစ်နေပေမယ့် သူ့အတွက်ကတော့ လိပ်ပြာမလုံနိုင်ဘူးလို့ ခံစား​နေရသည်။

"ကိုယ့်ကိုကြည့်.."

ချေမိုးက သူ့အနားကပ်လာပြီး စိတ်ဓာတ်ကျသလိုဖြစ်နေတဲ့ သူ့မျက်နှာကို မေးကနေသာသာလေးကိုင်ပြီး နှစ်သိမ့်စကားဆိုလာသည်။

"ကိုယ်တို့က ဘာအပြစ်မှ မလုပ်ထားဘူး။ ပြီးတော့ ကိုယ်တို့တွေကသာမာန်ပဲ။ အခြားသူတွေလိုမျိုးပဲ ချစ်တယ် ၊ ကြိုက်တယ်။ တစ်မူထူးခြားနေတာလည်းမဟုတ်သလို သူတစ်ပါးကိုလည်း ထိခိုက်အောင်လုပ်နေတာ မဟုတ်ဘူး။ ကိုယ့်ရဲ့ချစ်ခြင်းကို ကိုယ်ကိုယ်တိုင်က ယုံကြည်မှုရှိရမယ်။ လေးစားရမယ်။ ဒါမှလည်း တစ်ပါးသူက ကိုယ်တို့တွေကို လက်ခံလေးစားလာကြမှာပေါ့"

ချေမိုးပြောတဲ့ သူတစ်ပါးတွေလေးစားကြမယ်ဆိုတာက သူတို့ချစ်​ခြင်းကို တမူထူးခြားတယ်လို့မမြင်ဘဲ ပုံမှန်အတိုင်း ပြောဆိုဆက်ဆံ လက်ခံပေါင်းသင်းပေးလာနိုင်မယ်လို့ ပြောချင်တဲ့သဘောဖြစ်တာကို သူနားလည်သည်။

"ငါသိပါ​ပြီ။ ကြိုးစားနေတယ်"

"ကိုယ့်ရဲ့ချစ်သူလေးက လိမ္မာတယ်။ ကိုယ်ကဘေးနားကနေ အမြဲရှိပေးနေမှာမို့ မင်းလေးဘာမှစိတ်မပူနဲ့။ ဟုတ်ပြီလား"

Rain💛Moon (Completed)Where stories live. Discover now