~Tell me that you love me, everything gonna be alright when you right here by my side~
သူနဲ့ချေမိုးရဲ့အခြေအနေကတော့ အရင်ကလိုမဟုတ်တော့ပေမယ့်လို့ အရမ်းကြီးသိသိသာသာမဖြစ်တော့ဘဲ သူငယ်ချင်းတွေကြားထဲမှာ အဆင်ပြေနေခဲ့သည်။
"ခွန်းတို့ပြောတယ်။ ဒီညနေ Music Box သွားကြမယ်တဲ့"
"အင်း။ သွားမယ်လေ"
သူတို့တွေအားလုံးအုပ်စုလိုက် အပြင်သွားပြီးသောက်လေ့ရှိပေမယ့် နောက်ဆုံးသောက်ခဲ့တာက ခရီးသွားကတည်းကဖြစ်သည်။ ခွန်းကထူးထူးဆန်းဆန်းလူစုဖို့ပြောတော့ ဒီညနေကျရင် သူတို့သွားနေကြ Music Box ဆိုင်ကို သွားကြဖို့ဖြစ်လာခဲ့သည်။
"ရည်မွန်တို့ ဒီညနေဘယ်သွားကြမလို့လဲ"
"Music Box သွားကြမလို့"
"ကလျာတို့ရော လိုက်လို့မရဘူးလား"
ကလျာအပါအဝင် ကလျာရဲ့သူငယ်ချင်းတွေကပါ သူတို့ကိုလိုက်ချင်တဲ့မျက်နှာတွေနဲ့ ကြည့်လာသည်။ သူ့ကိုတောင်းဆိုရင်တော့ ကျိန်သေးပေါက် ရည်မွန်ငြင်းဖြစ်မယ်မထင်ဘူး။ သူက နဂိုကတည်းက အားနာတတ်တော့ ငြင်းဖို့က မဖြစ်နိုင်လောက်ဘူး။
"မရဘူး"
"မရဘူး"
ချေမိုးရော ခွန်းရော နှစ်ယောက်လုံးအတိုင်အပေါက်ညီညီနဲ့ ထပြောလာသည်။
"ဟုတ်ကဲ့။ မရတော့လည်း နောက်ပေါ့"
"အင်း"
ခွန်းက ဒီညနေကို သူငယ်ချင်းတွေဆီမှာ စမ်းရောင်နဲ့သူတွဲနေကြောင်း ကြေငြာချင်တာမို့ အပြင်လူတွေကို မပါစေချင်ဘူး။ ချေမိုးကကျတော့ ကလျာက ရည်မွန်ကိုသဘောကျနေမှန်းသိထားတာမို့လို့ ရည်မွန်ကိုသဝန်တိုပြီး ကလျာဆိုတဲ့တစ်ယောက်တင်မကဘူး။ သူ့အပေါင်းအဖော်တွေအားလုံးကိုပါ မပါစေချင်ဘူး။
"တောင်းပန်ပါတယ်"
"ဘာမှမဖြစ်ဘူး။ ကလျာတို့ပြန်နှင့်တော့မယ်နော်"
"ဟုတ်"
ဟိုနှစ်ယောက်က တစ်ပြိုင်နက်ထဲပြောတော့ ဟိုကမိန်းကလေးတွေဆိုတော့ ရှက်သွားတာပေါ့။ ဘာမှမဖြစ်ဘူးလို့ပြောနေပေမယ့်လို့ ကလျာမျက်နှာမကောင်းတော့ဘဲ စာကြည့်တိုက်က အလျင်စလိုပဲ ထွက်သွားကြသည်။
YOU ARE READING
Rain💛Moon (Completed)
Romance"I LOVE YOU" If the eyes do not admire, the heart will not desire~💛 Rose Thornless_အဲ့ဒီပန်းလေးရဲ့အဓိပ္ပါယ်ကမြင်မြင်ချင်းအချစ်တဲ့။ (မင်းလေးရဲ့စာအုပ်ကြားမှာညှပ်ထားတဲ့ပန်းလေးတစ်ပွင့်ရဲ့အဓိပ္ပါယ်ကကိုယ့်ရဲ့အချစ်ကိုကိုယ်စားပြုတာပဲ)။ မြင်မြင်ချင်းအချစ်ကခ...