-6-

5.9K 534 108
                                    

Unicode

"ဒီဇိုင်းမေဂျာ..."

နေပါဦး..ဒါက လင်းစေရာခေတ် တက်ခဲ့ဖူးတဲ့ တက္ကသိုလ်မလား။ အဲတာဆို ဒီပိုးဟပ်ဖြူလေးက သူ့ကို သိတယ် ဆိုတာ အမှန်တွေလား။ ဒါပေမဲ့ သူကကျ ဘာလို့ ပိုးဟပ်ဖြူလေးကို မသိရတာလဲ။ သူ့ကို လာလိမ်နေတာများလား။

စာရွက် တစ်ရွက်ကို ကိုင်ပြီး ရုံးခန်းထဲမှာ ရှေ့လျှောက်လိုက် နောက်လျှောက်လိုက်နဲ့ လင်းစေရာခေတ် တစ်ယောက်တည်း အတွေးများ နေတော့တယ်။

အပြင်က သူရ ကတော့ အခန်းထဲက သူ့ဘော့စ်ကို ချောင်းကြည့်ပြီး နှာခေါင်းရှုံ့လိုက်တယ်။

ဘော့စ်က အရမ်း အလုပ် ကောင်းနေတာပဲ။ သူ့မှာ ဘော့စ်အစား စစ်ပေးရမဲ့ စာရင်းတွေ တောင်လိုပုံလို့။ ဘော့စ်ကတော့ အပျင်းပြေ လမ်းတောင် လျှောက်နေသေးတယ်။

လောကကြီးက မတရားလိုက်တာ...။

..............................

"မမ၊ ကျွန်တော် ပြန်ရောက်ပြီ"

"အလုပ် သွားလျှောက်တာ အဆင်ပြေခဲ့ရဲ့လား ရှင်းလေး"

ဆိုင်ထဲ ဝင်လာတဲ့ ရှင်းခန့်ပိုင်ကို သော်တာ ကောင်တာမှာ ထိုင်နေရာကနေ လှမ်းမေးတယ်။

အင်တာဗျူး သွားဖြေရတဲ့ အတွက် ရှင်းလေးက အနက်ရောင် ဝတ်စုံနဲ့ လူကြီးလေးလို တစ်မျိုးတစ်ဖုံ ကြည့်ကောင်းနေပြန်တယ်။

သူ့မောင်လေးကို ကြည့်ပြီး သော်တာ စိတ်ထဲကနေ ပြုံးလိုက်မိတယ်။ ဒီလို အချောအလှလေးကို မောင် အဖြစ် တော်ထားရတာ သူ့အတွက် ဂုဏ်ယူစရာပဲ။

"ဟုတ်၊ မနက်ဖြန် ဆက်သွယ်လာမယ်လို့ ပြောတယ်"

"ဪ...အဲတာဆို စောင့်ကြည့်ရမှာပေါ့"

"ဟုတ်တယ် မမ၊ ဒါနဲ့ အစ်ကိုမင်းမြတ်ရော"

ဆိုင်ထဲမှာ မမတစ်ယောက်ပဲ တွေ့တာကြောင့် ရှင်းခန့်ပိုင် ဟိုကြည့် ဒီကြည့် လုပ်ပြီး မေးလိုက်တယ်။

"ရှင်းလေး မရှိတော့ သူ အော်ဒါတွေ လိုက်ပို့နေရတာ"

"အာ..ဟုတ်လား။ တောင်းပန်ပါတယ်။ မမတို့ကို ဝန်ပိစေမိပြီ"

Always You (Completed)Where stories live. Discover now