-21-

4.7K 410 59
                                    

Unicode

"ဟေ့ကောင် အလင်း၊ ဟိုနေ့က မင်း ရှိန်းထက်နဲ့ ရန်ဖြစ်တယ်ဆို"

ကောင်းခန့်သူက လင်းစေရာခေတ်ရဲ့ ဘေးမှာ ဝင်ထိုင်ရင်း လင်းစေရာခေတ် ရှေ့က အရက်ခွက်ကို ဆွဲယူကာ သောက်ချလိုက်တယ်။

"သူတောင်းစားလေး၊ ကိုယ့်ဘာသာတော့ မှာမသောက်ဘူး"

"ဟဲဟဲ၊ မင်းကလဲကွာ။ ကိုယ့်သူငယ်ချင်းကို ဒါလေးတောင် မသဒ္ဓါဘူးလား။ ဒါနဲ့ ပြောစမ်းပါဦး။ မင်းတို့ ရန်ဖြစ်ရတဲ့ အကြောင်း။ ရှိန်းထက်ကို ဘား,လာဖို့ ခေါ်တော့ မင်း မျက်ခွက်ကို မမြင်ချင်လို့ မလိုက်ဘူးတဲ့"

"ကျစ်၊ ဒီခွေးကောင်ကတော့"

ဤသို့ဖြင့် ဖြစ်ခဲ့သမျှ အကြောင်း အကုန်အစင် ပြောပြပြီးတဲ့အခါ ကောင်းခန့်သူက တဟားဟားနဲ့ ထရယ်တယ်။

"ဘောမို့လို့ ရယ်တာလားကွ"

စပ်ဖြဲဖြဲ ဖြစ်နေတဲ့ ကောင်ရဲ့ ခေါင်းကို လင်းစေရာခေတ် အားပြင်းပြင်းနဲ့ တစ်ချက် ပိတ်ရိုက်လိုက်တယ်။ အဲတာတောင် သကောင့်သားက အရယ် မပျက်သေး။

"ဟားဟား၊ အဲဒီနေ့က အထိုးခံလိုက်ရတဲ့ မင်း မျက်နှာကြီးကို မြင်ယောင်မိလို့ပါကွာ ဟားဟားဟား၊ ငါ တကယ် ပွဲကြီးပွဲကောင်းကို လွတ်သွားတာပဲ"

"ချီးပဲကွာ။ အဲ့ကောင် လက်သံ ပြောင်လိုက်တာ။ ငါ ပြန်ထိုးတာတောင် အားမရသလိုပဲ"

"ဟားဟား၊ မင်းက လက်ထပ်ပြီးခါမှ အချစ်တွေ ဘာတွေ လုပ်နေတာကိုး"

ကောင်းခန့်သူက ရယ်ရင်း ပြောလိုက်တယ်။

"အဲလို မဟုတ်ပါဘူးကွာ"

"အဲလို မဟုတ်လို့ ဘာလဲ။ ငယ်ငယ်က အပျော် မရှာခဲ့ရလို့ အခုမှ သူငယ်ပြန်ချင်နေတာလား"

"-ီးပဲ ဟေ့ကောင်၊ မင်း လစ်လိုက်တော့။ စကား အကောင်းကို မပြောရဘူး"

လင်းစေရာခေတ် သူ့ဘေးမှာ ထိုင်နေတဲ့ ကောင်းခန့်သူကို ဆိုင်ပြင်ကို ထုတ်ဖို့ ဂုတ်ကနေ ဆွဲလိုက်တယ်။

ဘယ်တုန်းကမှ သောက်ချိုး မပြေတဲ့ အကောင်။

"ဟ၊ ဟ၊ နေပါဦး"

Always You (Completed)Tempat cerita menjadi hidup. Temukan sekarang