-28-

4.5K 410 14
                                    

Unicode

ဆိုဖာပေါ်မှာ ကွေးကွေးလေး အိပ်နေတဲ့ ပိုးဟပ်ဖြူလေးကို လင်းစေရာခေတ် ကြည့်နေမိတယ်။

စားပြီးတာနဲ့ အမြဲ တန်းအိပ်တာပဲ။ ဘယ်လိုဟာလေးလဲ မသိဘူး။

သို့ရာတွင် အပြောနဲ့ အလုပ်မှာ တခြားစီ။

ဆိုဖာက သေးတော့ သက်တောင့်သက်သာ မရှိမှာ စိုးရိမ်၍ အခန်းထဲရှိ မွေ့ရာဆီ ပွေ့ချီသွားသည့် လူမှာလည်း လင်းစေရာခေတ်ပင်။

"ကောင်းကောင်းအိပ်။ ညနေကျ စောစောပြန်လာခဲ့မယ်"

ဆံပင် အနည်းငယ် ဝဲကျနေတဲ့ နဖူးကို နှုတ်ခမ်းနဲ့ အသာလေး ထိကပ်ပြီး အခန်းပြင်ကို ထွက်လာခဲ့တယ်။

အိပ်ရာထဲရှိ ပိုးဟပ်ဖြူလေးကတော့ လင်းစေရာခေတ် ထွက်သွားတဲ့ အထိ အိပ်မောကျနေတုန်း...။

..............................

ရှင်းခန့်ပိုင် နိုးလာတဲ့အခါ မောင်က ရှိမနေတော့တာကို တွေ့ရတယ်။

ခုတင်ပေါ် ရောက်နေတာကြောင့် မောင်က သူ့ကို ချီပို့လာတာ ဖြစ်မယ်လို့ သူ တွေးလိုက်မိတယ်။

မောင်က သူ့ကို အရင်လောက် မဟုတ်ပေမဲ့ အနည်းငယ် ဂရုစိုက်သေးတယ် ဆိုတဲ့ အသိက တကယ်ကို ရင်ထဲ တသိမ့်သိမ့်နဲ့။

ဒါနဲ့ သူ မောင့်ကို အပင်မျိုးစေ့တွေ ဝယ်လာပေးဖို့ ပြောမလို့ကို မေ့သွားတာပဲ။

အခုမှ ၄ နာရီ ဆိုတော့ ပြန်တော့ မလာလောက်သေးပါဘူးနော်။

အခန်းအပြင်ကို ထွက်ပြီး စားပွဲပေါ်မှာ တင်ထားတဲ့ သူ့ဖုန်းကို ကောက်ကိုင်လိုက်တယ်။

ထို့နောက် 'မောင်' ဆိုတဲ့ နာမည်လေးကို နှိပ်လိုက်တော့ 'တီ...' ဆိုပြီး ဖုန်းလေးက ဝင်သွားတယ်။

..............................

"အဲတာဆို ဒီပုံစံကို...."

တီ...

လင်းစေရာခေတ် အစည်းအဝေး ခန်းမထဲမှာ စကားပြောနေစဉ် သူ့အိတ်ကပ်ထဲက ဖုန်းမြည်သံ ထွက်လာတယ်။

အခန်းထဲက လူတွေကလည်း သူ့ကို စိုက်ကြည့်လာကြတယ်။

'ပိုးဟပ်ဖြူလေး' ဆိုတဲ့ နာမည်ကို တွေ့လိုက်ရတော့ ဖုန်းပိတ်ပစ်ဖို့ ကြံရွယ်ခဲ့တဲ့ လက်တွေဟာ ချက်ချင်း 'ဖုန်း လက်ခံမည်' ဆိုတဲ့ နေရာဆီ တန်းရောက်သွားတယ်။

Always You (Completed)Tahanan ng mga kuwento. Tumuklas ngayon