-27-

4.6K 420 110
                                    

Unicode

"အား..."

ဘုတ်..

"ဟင်..မင်း..."

ရှင်းခန့်ပိုင် မျက်လုံးဖွင့်ဖွင့်ချင်း တစ်စုံတစ်ယောက်က သူ့နောက်ကျောက်ို ဖက်ထားသလို ခံစားလိုက်ရတာကြောင့် လန့်ပြီး အမြန် တွန်းထုတ်မိလိုက်တယ်။

ပြီးမှ အောက်ကို ကျသွားတဲ့ လူကို ကြည့်မိတော့ သူ့ရဲ့မောင် ဖြစ်နေတယ်။

ဒါနဲ့ဆို မောင့်ကို သူ ကန်ချမိတာ နှစ်ခါရှိပြီ ထင်တယ်။

"ကျွတ်စ်၊ ခင်ဗျား ကျွန်တော့်ကို အဲလို ကန်ကန်ချရတာ သဘောတွေ့နေတာများလား"

သူ့ခါးလေးကို ကိုင်ရင်း လင်းစေရာခေတ် ဖြည်းဖြည်းချင်း ထမိတယ်။

ဒီပိုးဟပ်ဖြူလေးနဲ့ အိပ်တိုင်း တစ်ခါမှ သူ့မှာ အေးအေးချမ်းချမ်း မျက်လုံးဖွင့်ရတယ်လို့ မရှိဘူး။

အကိုက်ခံရတာနဲ့။ ခုတင်ပေါ်က ပြုတ်ကျရတာနဲ့။

"မ..မဟုတ်ပါဘူး။ ငါ မင်းမှန်း မသိလိုက်လို့ပါ"

ပြောလိုက်ရင် ဘာမှမသိဘူးဆိုတဲ့ ရုပ်ကလေးနဲ့။

"ကျစ်၊ ထားလိုက်တော့"

လင်းစေရာခေတ် အချိန်ကို လှမ်းကြည့်လိုက်တော့ မနက် ၇ နာရီပဲ ရှိသေးတာကို တွေ့လိုက်ရတယ်။

မနေ့ညက ကောင်းကောင်း မအိပ်ရပါဘူး ဆိုမှ မနက် အစောကြီး ကြမ်းပြင်နဲ့ ခန္ဓာနဲ့ မိတ်ဆက်ရပြန်တယ်။

"ဒါနဲ့ မင်းက အခန်းထဲမှာ မအိပ်ဘဲ ဘာလို့ ဒီမှာ လာအိပ်နေရတာလဲ"

"ညက ရေထွက်သောက်တော့ ခင်ဗျားက အောက်ပြုတ်ကျနေတာ တွေ့လို့ အပေါ် ပြန်တင်ပေးရင်း တစ်ခါတည်း ဝင်အိပ်လိုက်တာ။ တော်ကြာ ထပ်ပြုတ်ကျနေမှာစိုးလို့"

"....."

လင်းစေရာခေတ် ပြောတာကို တကယ် အဟုတ် ထင်သွားပုံရတဲ့ ပိုးဟပ်ဖြူလေးက သူ့ကို အားနာတဲ့ အကြည့်လေးနဲ့ ကြည့်လာတယ်။

သူလည်း ဒီဟာလေးနဲ့ကျမှ မလိမ်စဖူး လိမ်ပြောမိနေပြန်ပြီ။

"အဲလို လာကြည့်မနေနဲ့။ အခု ပြန်အိပ်လို့လဲ ရတော့မှာ မဟုတ်ဘူး။ခမနေ့က စျေးသွားဝယ်ဖို့ ပြောထားတယ်မလား။ လိုက်ပို့ပေးမယ်"

Always You (Completed)Donde viven las historias. Descúbrelo ahora