-22-

4.4K 389 83
                                    

Unicode

"ကိုလင်း၊ ယွန်း ဝင်လာမယ်နော်"

ဆောင်းယွန်းမာန် အသံပေးပြီး ရုံးခန်းထဲကို ဝင်သွားလိုက်တော့ ဆိုဖာပေါ်မှာ အိပ်ပျော်နေတဲ့ ကောင်လေး တစ်ယောက်ကို စိုက်ကြည့်နေတဲ့ ကိုလင်းကို တွေ့လိုက်ရတယ်။

သူ့ကို မြင်တော့ 'ရှူး' ဆိုပြီး လက်ညှိုးနဲ့ နှုတ်ခမ်းကို ထိပြတယ်။ ဒါပေမဲ့ သူ တံခါးဖွင့်တဲ့ အသံက ကျယ်သွားပုံရတယ်။ ကောင်လေးက မျက်လုံးလေးတွေ ပွင့်လာတယ်။

အလုပ်ကိစ္စနဲ့ တစ်ပတ်လောက် ခရီးသွားဖို့ ရှိတယ် ဆိုပြီး ကိုလင်းက သူ့ကို ပြောထားတယ်။ ကိုလင်းရဲ့ အတွင်းရေးမှူးနဲ့ အတူ သွားရမှာတဲ့။ ထို့ကြောင့် သူ ကုမ္ပဏီကို ရောက်လာတာ ဖြစ်တယ်။ ကိုလင်း မေးရင် ဖြေမဲ့ အကြောင်းပြချက်က ကိုလင်းနဲ့ ခွဲရတော့မှာမို့လို့ပေါ့။

တကယ့် အကြောင်းပြချင်ကတော့ အရင် တစ်ခါ ကိစ္စနဲ့ ပတ်သက်ပြီး ဆောင်းယွန်းမာန် နည်းနည်း စစ်ဆေးချင်၍ ဖြစ်တယ်။

အစ်ကို ရှိန်းထက်က သူ့ကို စိတ်မပူဖို့ ပြောထားပေမဲ့ ကိုလင်းနဲ့ ပတ်သက်ရင် စိုးရိမ်လွန်တဲ့ သူ့စိတ်ကို သူ မနိုင်ပေ။ သို့ပေမဲ့ အခုလို မြင်ကွင်းမျိုးကို မြင်ရမယ်လို့တော့ ဆောင်းယွန်းမာန် လုံးဝ မထင်ထားခဲ့တာ အမှန်။

"နိုးသွားတာလား"

ကိုလင်းက တကယ့်ကိုမှ နူးနူးညံ့ညံ့ အသံလေးနဲ့ ဆိုဖာပေါ်က ထလာတဲ့ ကောင်လေးကို မေးနေတာ။

"အွန်း..."

ကောင်လေးက အိပ်မှုန်စုံမွှားလေးနဲ့ ကိုလင်းကို ကြည့်ပြီး ပြန်ဖြေတယ်။

ထို့နောက် ဟိုလှည့်ဒီလှည့်နဲ့ သူ့ကို မြင်သွားတော့ မျက်လုံးလေး ပြူးပြီး ကြည့်တယ်။

"အာ...ဧည့်သည် ရောက်နေတာ ထင်တယ်။ ကျွန်....ကျွန်တော် အပြင်မှာပဲ စောင့်နေလိုက်မယ်"

ဆောင်းယွန်းမာန် ဘေးကနေ ဖြတ်ပြီး လှစ်ခနဲ ပြေးထွက်သွားတဲ့ ကောင်လေးက တံခါးပြန်ပိတ်ခဲ့ဖို့လည်း မမေ့။

"ယွန်း ဘာလာလုပ်တာလဲ"

လင်းစေရာခေတ် ဆိုဖာပေါ်မှာ ဝင်ထိုင်ပြီး မေးလိုက်တယ်။

Always You (Completed)Donde viven las historias. Descúbrelo ahora