-13-

4.9K 442 51
                                    

Unicode

"ဟေ့ မင်းတို့တွေ နားထောင်ကြဦး"

ဦးမာန်ဟိန်းရဲ့ အော်သံကြောင့် ဆုလဲ့နဲ့ သွန်းသွန်း စကားများနေရင်း လန့်ဖျပ်ပြီး ခါးတွေ မတ်သွားကြတယ်။

ရှင်းခန့်ပိုင်ကတော့ အလုပ်လုပ်နေရာကနေ ခေါင်းလေး စောင်းကြည့်လာတယ်။

"ဟုတ်ကဲ့ရှင့်၊ သေသေချာချာ နားစွင့်နေပါတယ်ရှင့်"

သွန်းသွန်းက ရွဲ့တဲ့တဲ့ လေသံနဲ့ ပြန်အော်လိုက်တယ်။

"မင်း ငါ့ကို လာရွဲ့နေတာလား။ ဒီမှာ အရေးကြီး ကိစ္စ ပြောမလို့ကွ"

"အို...ဒီလောက် သဘောကောင်းတဲ့ တို့အဖွဲ့မှူးကို ရွဲ့စရာလားလို့၊ သေချာ နားထောင်နေတဲ့ အကြောင်း ပြောပြတာပါနော်"

"အဖွဲ့မှူးက ဘာပြောမလို့လဲဟင်"

ဆုလဲ့က ကြားကနေ ဝင်မေးလိုက်တယ်။ မဟုတ်ရင် ထိုနှစ်ယောက် ထသတ်ကြတော့မှာ သူ မြင်ယောင်နေပြီ ဖြစ်တယ်။

"အေး၊ မင်းတို့ လုပ်တာနဲ့ ငါ ပြောမဲ့ စကားတောင် ဘယ်ရောက်သွားပြီလဲ မသိဘူး။ ခုနလေးတင် အထက်က စာထုတ်ထားတယ်။ နောက်အပတ် တနင်္ဂနွေနေ့ကျရင် ငါတို့ အကုန်လုံး ACE ကုမ္ပဏီရဲ့ ညစာစားပွဲကို သွားရမယ်။ မသွားမနေရ။ မသွားရင် ဒဏ်ပေးမယ်တဲ့"

"ဟင်"

"ညစာစားပွဲ"

"ဗျာ..ဒဏ်ပေးမယ်"

သုံးယောက်သား အသံမျိုးစုံ ထွက်လာကြတယ်။

"အိုးမိုင်..ဒါမျိုးဆို သွန်းသွန်းတို့က သိပ်သိပ်ကြိုက်။ အဲလို စာ မထုတ်လဲ သွားကို သွားမှာ ဟိဟိ"

"ဆုလဲ့ရော သွားမှာ သွားမှာ။ အဲလို ပွဲမျိုး မတက်ရတာ ဘယ်လောက်ကြာနေပြီလဲ။ အစားအသောက်မျိုးစုံနဲ့ ရှန်ပိန်လေးနဲ့ အဆင်လေးတွေနဲ့ ခိိခိ"

ဦးမာန်ဟိန်း မျက်မှောင်ကြုတ်လိုက်တယ်။

သွန်းသွန်းနဲ့ ဆုလဲ့က ရွတဲ့နေရာမှာ တကယ် လက်တွေရော၊ ခြေတွေရော မြှောက်ရတယ်။ ဘယ်လိုဖြစ်လို့ သူ့အဖွဲ့ထဲကျမှ ဒီလို ဟာလေးတွေ ပါလာရတာလဲ မသိဘူး။

Always You (Completed)Where stories live. Discover now