-Extra 2-

4.2K 275 122
                                    

Unicode

လင်းစေရာခေတ် နေရထိုင်ရတာ စိတ်တော်တော် ကျဉ်းကျပ်နေတယ်။

ခုနက အိမ်မှာကတည်းက မကြည်တဲ့ စိတ်ကလည်း အခုဆို ပိုလို့တောင် မကြည်မလင် ဖြစ်နေရတယ်။

အကြောင်းကတော့ သူ့ဘေးမှာ ကောင်မလေးတွေ ပတ်ပတ်လည် ဝိုင်းနေလို့ပါပဲ။

"ဟယ်.. ကြည့်စမ်း၊ ကြည့်စမ်း။ ငါ့ကို ရယ်ပြတယ်ဟဲ့"

"အား.. ချစ်စရာလေး"

"ပါးကြီးနှစ်ဖက်က ကိုက်ဆွဲပစ်ချင်စရာကြီးဟာ"

သူ့လက်ထဲက လင်းပိုင် ပေါက်စနကို ကြည့်ပြီး တစ်ယောက် တစ်ပေါက် ပြောဆိုနေကြတဲ့ ဒီကောင်မလေး တစ်သိုက်ကို လင်းစေရာခေတ် ကြည့်မရတော့ဘူး။

ကိုကို့,ကို လှမ်းကြည့်လိုက်တော့ ကိုကိုက သူ့ကို ပြုံးပြုံးလေး ကြည့်နေတယ်။

ကိုကိုက သူ့အနားမှာ ကောင်မလေးတွေ ဝိုင်းနေတာတောင် သဝန် မတိုဘူး။ ကိုကိုက သူ့ကို မချစ်တော့ဘူးလား။

အတွေးနဲ့တင် လင်းစေရာခေတ် မျက်နှာကြီးက ရှုံ့တွနေပြီ ဖြစ်တယ်။

သူဆို တခြားလူတွေ ကိုကို့,ကို မျက်လုံးနဲ့ ဆွေကြည့်တာတောင် မကြိုက်တာ။

အဲတာကြောင့်လည်း ကောင်တာမှာ တမင် မျက်မှောင်ကြုတ်ပြီး ထိုင်နေတာ။

အဲတာကိုတောင် ကောင်မလေးတွေက ရွပိုးထိုးပြီး ဆိုင်ကို နေ့တိုင်းလိုလို လာနေတုန်းပဲ။

ဒီကောင်မလေးတွေက တကယ်တော့ ကိတ်မုန့်စားချင်တာ မဟုတ်ဘဲ သူ့အပိုင်လေး ဖြစ်တဲ့ ကိုကို့,ကို လာချောင်းချင်နေတာ လင်းစေရာခေတ် သိတာပေါ့။

အခုက သူ့လက်ထဲမှာ လင်းပိုင်ပေါက်စန ပါလာလို့သာ သူ့အနား ဝိုင်းဝိုင်းလည်နေတာ။

အရင်ကဆို လင်းစေရာခေတ်ကို ကြောက်ကြတယ်။ ဘယ်သူမှ အနားတောင် မကပ်ရဲဘူး။

"ကျစ်၊ မင်းတို့တွေ အတန်း သွားတက်စရာရှိ သွားတက်ကြစမ်း။ ဒီမှာ ရုတ်ရုတ် ရုတ်ရုတ် လာလုပ်မနေနဲ့"

သည်းမခံနိုင်တဲ့အဆုံး လင်းစေရာ​ခေတ် ခပ်ကြိတ်ကြိတ် အော်လွှတ်လိုက်ခါမှ အကုန် လန့်ပြီး ပြေးထွက်သွားကြတယ်။

Always You (Completed)Where stories live. Discover now