-17-

5K 425 41
                                    

Unicode

"ယွန်းလေး၊ စောင့်ရတာ ကြာသွားပြီလား။ အစ်ကို အလုပ်ကိစ္စလေး နည်းနည်း ကျန်နေလို့ လက်စသတ် နေတာ"

ကုမ္ပဏီထဲကနေ အပြေးထွက်လာတဲ့ ရှိန်းထက်က ဆောင်းယွန်းမာန်ရှေ့ ရောက်တော့ မောဟိုက်နေတဲ့ပုံနဲ့ တောင်းပန်စကား ဆိုလာတယ်။

"ရပါတယ် အစ်ကိုရဲ့၊ ယွန်းလဲ အခုလေးမှ ရောက်တာ"

"ဟုတ်ပြီလေ။ အဲတာဆို ဟိုနားက ဆိုင်မှာ ဝင်ထိုင်ရအောင်"

ဆောင်းယွန်းမာန် ပြုံးပြလိုက်တော့ ရှိန်းထက်က သူတို့ မျက်စောင်းထိုးနားရှိ ဆိုင်လေးကို မေးငေါ့ပြတယ်။

"ဟုတ်၊ အစ်ကို"

ဆိုင်ထဲရောက်တော့ နေ့လည်စာစားချိန် ဖြစ်၍ လူတွေ ကျပ်သိပ်နေတာကို တွေ့ရတယ်။

သူတို့နှစ်ယောက်လည်း အပြင်ကနေ ကြည့်ရင် မမြင်ရလောက်တဲ့ နောက်ဘက်စွန်းနားက နှစ်ယောက်စားပွဲမှာ ဝင်ထိုင်လိုက်ကြတယ်။

ခဏအကြာမှာ စားပွဲထိုးလေး တစ်ယောက် ရောက်လာပြီး မီနူး လာချပေးတယ်။

"ပုဇွန်ကြော်တစ်ပွဲ၊ ကင်းမွန်သုပ်တစ်ပွဲ၊ ရေဘဝဲကင်တစ်ပွဲ၊ အရွက်စုံကြော်တစ်ပွဲနဲ့ ထမင်းနှစ်ပွဲပေးပါ"

ရှိန်းထက်က မီနူးကို ယူပြီး တစ်ယောက်တည်း ဒိုင်ခံ မှာလိုက်တယ်။

"ဟုတ်ကဲ့၊ အစ်ကို"

"ဪ၊ ပြီးတော့ အသုပ််ထဲကို အစပ်များများလေး ထည့်ပေးပါ"

"ဟုတ်ကဲ့ခင်ဗျ"

စားပွဲထိုးလေးက မှာထားတာတွေကို စာရွက်မှာ ချရေးပြီး ခေါင်းညိတ်ကာ ထွက်သွားတယ်။

"အစ်ကိုက ယွန်း အကြိုက်တွေကို မှတ်မိနေတုန်းပဲနော်"

ဆောင်းယွန်းမာန် ပြောလိုက်တော့ အစ်ကိုရှိန်းထက်က သူ့ကို ပြုံးပြုံးလေး ကြည့်လာတယ်။

"ဒါပေါ့။ ယွန်းက ငယ်ငယ်ကတည်းက ပင်လယ်စာ အရမ်း ကြိုက်တာလေ။ ဒီဆိုင်က ပင်လယ်စာ အဓိက ရောင်းတဲ့ ဆိုင်။ အဲတာကြောင့် ခေါ်လာတာ"

"ဟုတ်လား။ ခံတွင်းတွေ့ရင် ဒီကို နောက်တစ်ခါ ထပ်လာရအောင်"

"ဟားဟား၊ ဟုတ်ပါပြီ။ သခင်မလေး သဘောပါဗျ"

Always You (Completed)Tempat cerita menjadi hidup. Temukan sekarang