-11-

5.1K 429 82
                                    

Unicode

ဘုတ်..

"အာ..ဆောရီးပါကွယ်၊ ဘာဖြစ်သွားသေးလဲဟင်"

ဆောင်းယွန်းမာန် ဓာတ်လှေကားထဲက အထွက် ကောင်လေးတစ်ယောက်နဲ့ ဝင်တိုက်မိသွားတယ်။

"ရပါတယ်...ဘာမှမဖြစ်ပါဘူး"

"ယွန်း ကူကောက်ပေးမယ်နော်"

ကျသွားတဲ့ စာအုပ်တွေကို ကောက်ပေးနေရင်း ထိုကောင်လေးကို တစ်ချက် မော့ကြည့်လိုက်မိတော့ ဆောင်းယွန်းမာန် အံ့အားသင့်သွားရတယ်။

လှလိုက်တာ..အဲတာ ယောက်ျားလေးလား။

မျက်လုံးဝိုင်းဝိုင်း၊ နှာတံစင်းစင်းလေးနဲ့ ဘယ်ဘက် မျက်လုံးအောက်က မှဲ့သေးသေးလေး။

လုံးဝကို ပြီးပြည့်စုံတဲ့ အရုပ်လေး အတိုင်းပဲ။

"ကျေးဇူးပါဗျ"

"ဟို..."

ဆောင်းယွန်းမာန် ဘာမှ ပြန်မပြောလိုက်ရသေးခင် လှစ်ခနဲ ပြေးသွားတဲ့ ကောင်လေး။

ဘာကြောင့်မှန်း မသိ သူ့စိတ်ထဲ တစ်မျိုး ဖြစ်သွားမိတယ်။

လူတွေက ရေစက် မပါဘဲ မတွေ့ဆုံနိုင်ဘူး မဟုတ်လား။

..............................

_အတိတ်_

"ဟို..အစ်ကို့ကို ဒါ..ဒါလေး ပေးချင်လို့ပါ"

"အာ..."

ရှင်းခန့်ပိုင် အတန်းဆင်းတော့ ကောင်မလေး တစ်ယောက်က သူ့ကို စာလာပေးတယ်။

သူလည်း တစ်ခါမှ အဲလို တိုက်ရိုက်ကြီး အပေးမခံရဖူးတော့ ဘာပြန်ပြောရမလဲ မသိ ဖြစ်နေမိတယ်။

"ကိုကို"

ရုတ်တရက် အသံတစ်ခု ကြားလိုက်ရ၍ နောက်ကို လှည့်ကြည့်လိုက်တော့ ဟိုလူမိုက်လေးက ဘယ်အပေါက်ကနေမှန်း မသိ ရောက်ချလာတယ်။

"မင်း..."

ရှင်းခန့်ပိုင် စကားတောင် ပြောလို့ မဆုံးသေး၊ ထိုလူမိုက်လေးက သူ့လက်ကို အတင်း လာဆွဲတယ်။

ပြီးတော့ ရှေ့က ကောင်မလေးကိုလည်း မျက်မှောင်ကြီးကြုတ်ပြီး ကြည့်နေတယ်။

Always You (Completed)Where stories live. Discover now