-35-

5K 380 69
                                    

Unicode

"ဘော့စ်၊ တရားခံ ရှာတွေ့ပြီ"

"မင်း အခု ဘယ်မှာလဲ"

"ရဲစခန်းမှာ ဘော့စ်"

"ငါ လာခဲ့မယ်"

တီ...

နေ့ခင်းဘက်ပင် ရှိသေးသော်လည်း သူရရဲ့ စကားကြောင့် လင်းစေရာခေတ်မှာ လုပ်လက်စ အလုပ်တွေကို ပစ်ထားခဲ့ပြီး ရဲစခန်းရှိရာကို အမြန် သွားရတယ်။

ရဲစခန်းကို သူ ရောက်တော့ သူရက အရှေ့မှာ ထွက်ရပ်နေတာကို တွေ့တယ်။

"ဘော့စ်၊ ဒီနေ့ အစည်းအဝေးက..."

"ဘယ်မှာလဲ အဲဒီလူ"

"ဟို...အထဲ..."

သူ့ပုခုံးကို လက်ကြီးနဲ့ တွန်းဖယ်ပြီး အထဲ ဝင်သွားတဲ့ ဘော့စ် နောက်ကို သူရ တစ်ယောက် အပြေးလိုက်ရတော့တယ်။

တော်ကြာ ရဲစခန်းမှာ ပြဿနာရှာနေရင် ဒုက္ခ။ သူ့စကားလည်း ဆုံးအောင် နားထောင်မသွားဘူး။ အစည်းအဝေးတောင် လုပ်လာရဲ့လား မသိဘူး။

အလုပ်ရှင်နဲ့ ဝန်ထမ်း ဆိုပေမဲ့ ဘော့စ်က ဒီအစ်ကိုပိစိလေးကို တော်တော်တော့ ဂရုစိုက်ရှာသား။

"ဘာ၊ သူက ကားရှေ့ကို ဝင်လာတာ။ ဟက်၊ အဲတာဆို ခင်ဗျားက တိုက်ပြီး ဘာလို့ ထွက်ပြေးသွားတာလဲ။ ပြောစမ်း။ ဘယ်ကောင်က ခိုင်းတာလဲ"

"ဘော့စ်"

တရားခံ လူလတ်ပိုင်း အမျိုးသား တစ်ဦးကို အင်္ကျီ ကော်လံကနေ ဆွဲပြီး ထိုးဖို့ ဟန်ပြင်နေပုံရတဲ့ ဘော့စ်ကို သူရ အတင်း ဝင်ဆွဲရတော့တယ်။

ဘေးမှာ ရှိတဲ့ ရဲအရာရှိတွေကလည်း ကုမ္ပဏီကြီး တစ်ခုရဲ့ စီအီးအို ဆိုတော့ ဝင်မတားရဲကြဘူး ထင်တယ်။

"ကျွန်..ကျွန်တော် တောင်းပန်ပါတယ်။ အဲဒီနေ့က လူ သေသွားပြီ ထင်ပြီး အရမ်း ကြောက်သွားလို့ ထွက်ပြေးခဲ့ မိတာပါ။ တမင် ဝင်တိုက်တာ မဟုတ်ပါဘူး။ ဘယ်သူမှလဲ မခိုင်းရပါဘူး။ အဲဒီကောင်လေးက ရုတ်တရက် ကားလမ်းမ,ပေါ်ကို ပြေးထွက်လာတာဗျ။ ကျွန်တော်လဲ အချိန်မှီ ဘရိတ်အုပ်ဖို့ ကြိုးစားပါသေးတယ်။ အဖြစ်အပျက်တွေက အရမ်း မြန်....."

Always You (Completed)Donde viven las historias. Descúbrelo ahora