-10-

5.9K 464 52
                                    

Unicode

"ရှင်းလေး၊ အလုပ်တွေ ဘယ်လောက်များလို့ မနေ့က အိမ်တောင် ပြန်မလာနိုင်ရတာလဲ"

ရှင်းခန့်ပိုင် အိမ်ပြန်ရောက်တော့ မမသော်တာက တံခါးဝမှာတင် သူ့ကို စိုးရိမ်တကြီး မေးလာတယ်။

"အာ..ကျွန်တော်က အခုမှ အလုပ်သင် ဆိုတော့လေ...လေ့လာစရာတွေ အများကြီးရှိနေသေးတာ။ ရုံးမှာ လုပ်တော့ ပိုအဆင်ပြေတယ်လေ"

ရှင်းခန့်ပိုင်လည်း အမေးနဲ့ အဖြေ လိုက်လျောညီထွေအောင် လှည့်ပတ်ပြီး ဖြေလိုက်ရတယ်။ သူသာ ဟိုတယ်မှာ ရှိနေမှန်းသိရင် အဆူခံရမှာ။

"ရှင်းလေးရယ်...ကိုယ့်ကိုယ်ကိုယ်လဲ ဂရုစိုက်ဦးလေ။ အခုမှ ပထမရက်ပဲ ရှိသေးတယ်။ နောက်နေ့တွေလဲ အခုလို အလုပ်လုပ်ရမယ်ဆို မမတော့ စိတ်မချချင်ဘူးနော်"

"မရှိတော့ပါဘူး မမရဲ့၊ ဒီနေ့ တစ်ရက်တည်းပါ။ နောက်ရက်တွေ အိမ်ပြန်လာမှာပါ။ အခု ရုံးပြန်သွားဖို့ ရေချိုးလိုက်ဦးမယ်နော်။ နောက်ကျနေမှာစိုးလို့"

လိမ်ပြောနေကျသူ မဟုတ်တော့ ရှင်းခန့်ပိုင်မှာ သူ့မမကို အမြန် စကားဖြတ်ပြီး အပေါ်တက်ဖို့ ပြင်ရတော့တယ်။ မဟုတ်ရင် အလိမ်ပေါ်တော့မှာ အမှန်ပင်။

"ဟုတ်ပါပြီကွယ်။ပြီးရင် မနက်စာ စားဖို့ ဆင်းလာနော်။ မမ အဆင်သင့်လုပ်ထားမယ်"

"ဟုတ်၊ မမ"

အပေါ်တက်ခါနီး ဘာမှ မပြောဘဲ မမဘေးမှာ ရပ်နေတဲ့ အစ်ကိုမင်းမြတ်ကို မရဲတရဲလေး လှမ်းကြည့်မိတော့ အစ်က်ိုက သူ့ကို စူးစူးစိုက်စိုက် ပြန်ကြည့်နေတာ တွေ့လိုက်ရတယ်။

အဲတာနဲ့ ရှင်းခန့်ပိုင်လည်း အမြန် မျက်နှာလွှဲပြီး အပေါ်ကို ပြေးတက်သွားလိုက်ရတယ်။ အစ်ကိုက စိတ်ဆိုးနေတာ အသေအချာပဲ။

ဒေါက်..ဒေါက်..

ရှင်းခန့်ပိုင် အခန်းထဲ ရောက်ပြီး ခဏအကြာ တံခါးခေါက်သံ ကြားလိုက်ရတယ်။

"ရှင်းလေး၊ အစ်ကိုပါ။ ဝင်လာခဲ့မယ်နော်"

"ဟ..ဟုတ်"

ရှင်းခန့်ပိုင် စကားတောင် ထစ်သွားရတယ်။ အစ်ကို သူ့ကို ဆူတော့မှာလား မသိဘူး။ အစ်ကိုက အမြဲ ပြုံးနေတတ်တော့ ဒေါသထွက်ရင် ဘယ်လိုပုံ ဖြစ်မလဲ မသိဘူး။ သူတော့ ကြိုလန့်နေပြီ။

Always You (Completed)Where stories live. Discover now