Unicode
"မင်း ဝင်မလာနဲ့"
ဂျိမ်း...
ပိုးဟပ်ဖြူလေး ရှိရာ အခန်းထဲကို လင်းစေရာခေတ် ဝင်ရန် လှမ်းလိုက်စဉ် မင်းမြတ်သော်က သူ့ရှေ့မှ အရင် ဝင်သွားပြီး တံခါးကို အားနဲ့ ဆွဲပိတ်လိုက်တယ်။
"အာ.. ဒီကလေးကတော့ လုပ်ပြန်ပြီ။ တံခါး ပျက်မှ ပြန်လျော်နေရဦးမယ်။ တကယ်ပါပဲ။ ကောင်ချောလေး ခဏ စောင့်ပေးနော်။ မမတို့ ထွက်လာမှ ဝင်ကြည့်လို့ ဖြစ်တယ် မဟုတ်လား"
သော်တာလည်း သူ့မောင်ကို ပြောမနိုင်တော့ဘူး။ သူ့ကိုတောင် အပြင်မှာ တံခါးပိတ်ပြီး ထားခဲ့တယ်။
ကောင်ချောလေးကို အားနာနာနဲ့ တောင်းဆိုလိုက်တော့ ပြန်ဖြေလာတာက 'အင်း' တဲ့။
ထို့နောက် တံခါးရှေ့ကနေ ထွက်သွားရှာတယ်။
ဒီကောင်လေးလည်း အရမ်း စိတ်ပူနေမှာကို။
ဟူး... သူ့ မောင်တစ်ယောက်နဲ့တော့ ခက်ပါတယ်လေ။
သော်တာ တံခါးကို ဖွင့်ပြီး အထဲဝင်သွားတော့ အပြင်မှာ ကျန်ခဲ့တဲ့ လင်းစေရာခေတ်က ခပ်ယဲ့ယဲ့ ပြုံးတယ်။
ခုနက ရထားတဲ့ မျက်နှာပေါ်ရှိ ဒဏ်ရာတွေကလည်း ဆစ်ခနဲ။
သူ့မှာ ပိုးဟပ်ဖြူလေးကို အရင် မြင်တွေ့ခွင့်တောင် မရှိတော့ဘူးပဲ။
ဖြစ်သင့်ပါတယ်... သူက ပိုးဟပ်ဖြူလေးနဲ့ ဘာမှ,မှ မသက်ဆိုင်တာ။
အခွင့်အရေး ရနေတုန်းမှာလည်း သက်ဆိုင်ခွင့်ရှိဖို့ကို မကြိုးပမ်းခဲ့ဘူးလေ။
ဟက်၊ အခုမှ နောင်တရနေလည်း အလကားပဲ မဟုတ်လား။
ကံကြမ္မာက လူတွေကို ကျီစယ်တဲ့ အခါမှာ တစ်မိနစ်စာလေး နောက်ကျသွားခဲ့တဲ့ ခြေလှမ်းတွေကနေ ဘယ်လောက်ကြာမယ်မှန်း မသိအောင် ထပ်ပြီး ဝေးကွာသွားနိုင်ကြတာပဲ။
နာရီဝက်လောက် အကြာမှာ အခန်းတံခါး ပွင့်လာတယ်။
သော်တာက မပြန်ချင့်ပြန်ချင် ဖြစ်နေတဲ့ မင်းမြတ်သော်ရဲ့ လက်ကို အတင်း ဆွဲပြီး ထွက်လာတယ်။
YOU ARE READING
Always You (Completed)