-24-

4.5K 408 95
                                    

Unicode

ထိုအချိန်တုန်းက အစာမကြေတာကို အကြောင်းပြပြီး မောင် ချက်တဲ့ ငါးအစိမ်းလိုက်ဟင်းကြီးကို ရှင်းခန့်ပိုင် မစားခဲ့ဘူး။

အခုရော ဘယ်လိုတွေ လာဦးမှာလဲ မသိဘူး။

သူ့ရှေ့ကနေ တက်ကြွစွာ သွားနေတဲ့ မောင့်ကျောပြင်ကို ကြည့်ရင်း သက်ပြင်းအသာချမိတယ်။

"ဒီမှာထိုင်"

ထမင်းစားခန်းထဲ ရောက်တော့ ညာဘက်ထောင့်က ထိုင်ခုံကို ဆွဲထုတ်ပြီး မောင်က သူ့ကို ထိုင်ခိုင်းတယ်။

သူ့ကို မမှတ်မိတာတောင် အရင်လို ဂရုစိုက်ပေးနေသေးတဲ့ မောင့်ကြောင့် ရှင်းခန့်ပိုင် ရင်ထဲ ဘာရယ် မဟုတ် ကြည်နူးမိပြန်တယ်။

စားပွဲက လေးထောင့်ပုံစံ ဖြစ်ပြီး ထိုင်ခုံတွေက ထိပ်မှာ ၁ ခုံ၊ ဘေးနှစ်ဖက်စီမှာ ၃ ခုံနဲ့ စုစုပေါင်း ၇ ခုံ ရှိတယ်။

ရှင်းခန့်ပိုင်ရဲ့ အရင်အိမ်နဲ့တော့ တခြားစီပါပဲ။ သူ့အိမ်မှာဆို ထိုင်ခုံ ၂ ခုံပဲ ရှိတာ။

မောင် ထိုင်ခိုင်းတဲ့ ထိုင်ခုံပေါ်မှာ သူ ဝင်ထိုင်ပြီး စားပွဲပေါ်ကို ကြည့်လိုက်တော့ ဟင်းခွက်နှစ်ခွက်နဲ့ ထမင်း နှစ်ပန်းကန် တွေ့တယ်။

တစ်ခွက်က အရည်ဟင်း ဖြစ်ပုံရပြီး နောက်တစ်ခွက်ကတော့ ကြက်သားကို အကောင်လိုက် ထည့်ထားတာပဲ။ ဘာဟင်းလဲတော့ သူ သေချာ မသိဘူး။

"ဒါက ကြက်သားအချိုချက်၊ ဒါက တုန်ယမ်းချဉ်စပ် ဟင်းချို"

မောင်က သူ့ရှေ့ခုံမှာ ဝင်ထိုင်ပြီး ဟင်းခွက်တွေကို တစ်ခုချင်းစီ ညွှန်းပြနေတယ်။

"ဘယ်လိုလဲ။ ကျွန်တော် ချက်ထားတာ အစပ်အဟပ် တည့်တယ် မဟုတ်လား"

ဟင်းနှစ်ခွက် ချက်နိုင်ကြောင်း ကြွားနေတဲ့ မောင့်ကို ကြည့်ပြီး ရှင်းခန့်ပိုင် ခေါင်းညိတ်ပေးလိုက်တယ်။

"အင်း"

လိုချင်တဲ့ အဖြေရသွားတော့ မောင်က သဘောကျသွားဟန် ပြုံးတယ်။

"စားကြည့်"

"မင်းရော မစားဘူးလား"

ရှင်းခန့်ပိုင် မေးလိုက်တော့ မောင်က သူ့ကို မျှော်လင့်အားကိုးတကြီးနဲ့ ကြည့်လာတယ်။

Always You (Completed)Tempat cerita menjadi hidup. Temukan sekarang