-5-

6.6K 572 71
                                    

Unicode

"အစ်ကိုတို့ ပြန်ရောက်ပြီလား"

ခြံတံခါးဖွင့်သံ ကြားလိုက်တာနဲ့ ရှင်းခန့်ပိုင် ခြံထဲကို အပြေး ထွက်ကြိုလိုက်တယ်။

"ရှင်းလေး၊ နေမကောင်းဘူးဆို ဘာလို့ ထွက်လာရတာလဲ"

"နည်းနည်း ပင်ပန်းသွားရုံပါ။ အခု အိပ်လိုက်တော့ အားရှိသွားပြီ ဟီး"

အစ်ကိုမင်းမြတ် အမေးကို ရှင်းခန့်ပိုင် ရယ်ကျဲကျဲနဲ့ ဖြေလိုက်တယ်။

နေမကောင်းဘူး ဆိုတာ တကယ်တော့ လူက မကောင်းတာ မဟုတ်ဘူး။ စိတ်က မကောင်းတာပါ။

"အမယ်လေး၊ ငါ့ကို ရှေ့ထားပြီး နှစ်ယောက် တစ်ကမ္ဘာ လုပ်နေကြတယ်"

အိမ်ထဲ မဝင်သေးဘဲ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် စကားတွေ ပြောနေကြတဲ့ နှစ်ယောက်ကြောင့် သော်တာ ပြုံးစစနဲ့ ဝင်ပြောလိုက်တယ်။

"ဟာ၊ မဟုတ်ပါဘူး။ ကျွန်တော်က အစ်ကို တစ်ယောက် အနေနဲ့ စိတ်ပူလို့ ပြောတာပါ"

မင်းမြတ်သော်က ရှင်းလေး အနေရခက်မှာ စိုးတာနဲ့ ဝင်ဖြေလိုက်ရတယ်။

မမက သူ့စိတ်ကို သိနေတော့ အခုလို အမြဲ စစနေတော့ ကြားထဲ သူက ရှင်းလေးကို မျက်နှာပူနေရတယ်။

"ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ မမက စတာပါ။ လာ၊ အထဲဝင်ကြမယ်။ အပြင်မှာ လေစိမ်း​တွေ တိုက်တယ်"

"ကျွန်တော် ကူသယ်ပေးမယ်"

ရှင်းခန့်ပိုင်က သူတို့ နှစ်ယောက် လက်ထဲက အထုပ်တွေကို သယ်ပြီး ချက်ချင်းပဲ လှစ်ခနဲ အိမ်ထဲကို ပြေးဝင်သွားတယ်။

သော်တာကတော့ ပြုံးပြုံးလေး ကျန်ခဲ့တယ်။

သော်တာ သိတာပေါ့။ သူ့မောင်က ရှင်းလေးကို သဘောကျနေတယ် ဆိုတာ။ ရှင်းလေးက သိမသိတော့ သူလည်း မပြောတတ်ပေ။

ဒါပေမဲ့ ရှင်းလေးမှာက ချစ်ရတဲ့သူ ရှိနေခဲ့တာ။

သူ့မောင်အတွက်တော့ စိတ်မကောင်းပေမဲ့ ရှင်းလေးကို အမှန်တကယ် ပျော်စေချင်တယ်။ မောင်နှမအရင်း မဟုတ်ပေမဲ့ သော်တာက ရှင်းလေးကို မောင် အရင်း တစ်ယောက်လို ချစ်ရပါတယ်။

Always You (Completed)Onde histórias criam vida. Descubra agora