-19-

4.7K 407 81
                                    

Unicode

တစ်ပတ်ကြာပြီးနောက်...

"မင်္ဂလာပါ ဘော့စ်"

လင်းစေရာခေတ် ရုံးခန်း ရှေ့ရောက်သည်နှင့် ပိုးဟပ်ဖြူလေးက သူ့ကို ခေါင်းငုံ့ပြီး အရိုအသေပေးလာတယ်။

သူ့ထက်တောင် စောရောက်နေတယ် ဆိုတော့ အချိန်တော့ တိကျသားပဲ။

"အထဲ လိုက်ခဲ့"

"ဟုတ်ကဲ့"

ဒီနေ့ကျမှ 'ဟုတ်ကဲ့' ဆိုတဲ့ အသံလေးက ပိုပြီး နားဝင်ချိုနေသလိုလို။

"ဒီဆိုဖာမှာ ထိုင်လုပ်"

ကုတ်အင်္ကျီကို ချွတ်ပြီး ချိတ်ပေါ် တင်လိုက်ရင်း သူ့နောက်မှာ ကုပ်ကုပ်လေး နေ,နေတဲ့ ပိုးဟပ်ဖြူလေးကို လင်းစေရာခေတ် လှမ်းပြောလိုက်တယ်။

"ဆိုဖာမှာလား။ ဟို..ရှေ့မှာ မလုပ်ရဘူးလား"

ရှင်းခန့်ပိုင် အခန်းရှေ့က စာပွဲလေးကို လက်ညှိုး ထိုးပြီး မေးလိုက်တယ်။

ရှေ့အပတ်က ညီလေး သူရ ပြောသွားတာ သူ့နေရာက ရုံးခန်းရှေ့မှာတဲ့။ သူပဲ အမှတ်မှားသွားတာလား။

"ဘာလဲ။ ခင်ဗျားက ကျွန်တော့်ကို အခန်းထဲမှာ တစ်ယောက်တည်း နေခိုင်းမယ်ပေါ့။ အဲလိုလား"

"မ..မဟုတ်ပါဘူး။ အဲတာဆို ဖိုင်တွေ သွားယူလိုက်ဦးမယ်"

ချက်ချင်းဆိုသလို ဖိုင်တွေ မနိုင်မနင်း အထပ်လိုက် မ,လာတဲ့ ပိုးဟပ်ဖြူလေးကို ကြည့်ပြီး လင်းစေရာခေတ်မှာ ရယ်ချင်စိတ်ကို မနည်းထိန်းထားရတယ်။

ဒါပေမဲ့ ဒီလူကြီးပေါက်လေးကို သူ ဒီအတိုင်း မတ်တတ်ရပ်ပြီး ကြည့်မနေနိုင်တော့ဘူး။

"ကျွန်တော့်ကို ပေး"

ပိုးဟပ်ဖြူလေးရဲ့ လက်ထဲက ဖိုင်တွေကို သူ့လက်ထဲ အကုန် လွှဲယူလိုက်တယ်။ ထို့နောက် စားပွဲပေါ်ကို ပစ်ချလိုက်တယ်။

"နိုင်လဲ မနိုင်ဘဲ အများကြီး သယ်လာတယ်"

လင်းစေရာခေတ် သူ့လက်နှစ်ဖက်ကို ပိုက်ပြီး စားပွဲ ထောင့်စွန်းကို မှီကာ မျက်လုံးမှေးပြီး ပြောလိုက်တယ်။

Always You (Completed)Donde viven las historias. Descúbrelo ahora