-20-

5.4K 453 66
                                    

Unicode

"အွန်း...ဘယ်ရောက်နေတာလဲ"

ရုံးဆင်းခါနီးကျမှ 'အွန်း အဲ' နဲ့ မျက်လုံးလေး ပွတ်ကာ နိုးလာတဲ့ ပိုးဟပ်ဖြူလေးက ပါးစပ်ကလည်း သူ မကြားအောင် တိုးတိုးတိုးတိုးနဲ့ ရွတ်နေသေးတယ်။

"နိုးပြီလား"

"ဟင်"

လပ်တော့ပ်နဲ့ စာရိုက်နေရင်း မေးလိုက်တော့ သူ့ဘက်ကို မျက်လုံး မပွင့်တပွင့်နဲ့ လှည့်လာတယ်။

"စားပွဲပေါ်မှာ ရေတစ်ခွက် တင်ထားတယ်။ သောက်လိုက်ဦး"

လင်းစေရာခေတ်ကို ငေးကြည့်ရင်းနဲ့ပဲ ပိုးဟပ်ဖြူလေးက ရေခွက်ကို ယူပြီး အလုအယက် မော့သောက်တယ်။

သူလည်း ရေက အစ အကုန် အဆင်သင့် လုပ်ပေးနေရတယ်။ သူက ဘော့စ်လား၊ ဒီပိုးဟပ်ဖြူလေးက ဘော့စ်လား ဆိုတာ လင်းစေရာခေတ်လည်း မစဉ်းစားတတ်တော့ဘူး။

"ဖြည်းဖြည်းသောက်ပါ။ ဘယ်သူမှ လုမသောက်ပါဘူး။ သီးနေဦးမယ်"

"ရေဆာနေလို့"

ရေတစ်စက်မှ မကျန်တော့တဲ့ ခွက်လေးကို စားပွဲပေါ် ပြန်တင်ရင်း ရှင်းခန့်ပိုင် ဖြေလိုက်တယ်။

ထို့နောက် ရုံးခန်းကို ဝေ့ဝိုက်ကြည့်လိုက်တော့ မြင်ရတဲ့ အလင်းရောင် ဖျော့ဖျော့ကြောင့် မျက်လုံးတွေ ပြူးကျယ်သွားတယ်။

အလုပ်ချိန်ကြီးမှာ သူ အိပ်ပျော်သွားတာလား။

"အခု ဘယ်နှနာရီ ရှိပြီလဲ"

"၅ နာရီခွဲပြီ။ ကျွန်တော် ဒါလေး ပြီးရင် ပြန်ကြမယ်လေ"

"ငါ..ငါ..တစ်နေ့ခင်းလုံး အိပ်ပျော်နေတာလား"

"ဟုတ်တယ်လေ။ ကျွန်တော် တစ်ယောက်တည်း အလုပ်တွေ လုပ်နေရတာ။ ခင်ဗျားကတော့ ဇိမ်နဲ့ အိပ်နေနိုင်လိုက်တာ"

လင်းစေရာခေတ် မျက်နှာမဲ့ပြီး ပြောလိုက်တော့ ပိုးဟပ်ဖြူလေးက ခေါင်းလေး ငုံ့သွားတယ်။

"ငါ တကယ် မရည်ရွယ်ပါဘူး။ သူ့ဘာသာ အိပ်ပျော်သွားတာ။ ငါ တမင်လုပ်တာ မဟုတ်ပါဘူး။ နောက်ရက်တွေ မအိပ်တော့ဘူးလေနော်။ ငါ့ကို အလုပ် မဖြုတ်ဘူးမလား"

Always You (Completed)Donde viven las historias. Descúbrelo ahora