-37-

5.2K 400 100
                                    

Unicode

"အဲတာဆို ပြဿနာ အားလုံးရဲ့အစက သူ့အမေပေါ့"

"ဟုတ်တယ်။ ငါ စိတ်တွေလဲ မကောင်းလိုက်တာ မင်းမြတ်ရယ်"

ဆေးရုံ အခန်းတံခါးကို အသာလေး ဖွင့်ပြီး အထဲက ကောင်လေး နှစ်ယောက်ကို ချောင်းကြည့်ရင်း ပြောနေတဲ့ မင်းမြတ်သော်နဲ့ သော်တာနွေဦး။

"အခု ယာဉ်တိုက်မှုကလဲ သူ့အမေနဲ့ပါ ပတ်သက်နေရင်ရော ဘယ်လိုလုပ်မလဲ"

"ဟဲ့၊ ပေါက်ပေါက်ရှာရှာ။ လူတစ်ယောက်ကို သတ်တဲ့ အထိတော့ မလုပ်လောက်ပါဘူးဟယ်"

သူ့ဘေးက မင်းမြတ် ပုခုံးကို သော်တာ ဖက်ခနဲ ရိုက်လိုက်တယ်။

ဒီကောင်လေး အတွေးတွေ လွန်နေပြီ။

"မသိဘူးဗျာ။ အဲဒီကောင်သာ အစကတည်းက ရှင်းလေး အနားမှာ မရှိရင် ဘာပြဿနာမှ ဖြစ်လာမှာ မဟုတ်ဘူး"

မင်းမြတ်သော်က တံခါးကို ဆွဲပိတ်ပြီး သူ့အစ်မကို စိတ်မရှည်တဲ့ လေသံနဲ့ ပြောလိုက်တယ်။

မမက တစ်ခါတလေ သူ့ရှေ့ကနေ အရမ်း ကာဆီးကာဆီး လုပ်တာပဲ။

ဘယ်သူက သူ့မောင်အရင်းလဲတောင် မသိတော့ဘူး။

"လူကြီး"

ထိုအချိန်မှာပဲ ရုတ်တရက် ဘယ်ဆီကမှန်း မသိ ထွက်လာတဲ့ အသံတစ်ခုကြောင့် မင်းမြတ်သော် လှည့်ပတ်ကြည့်လိုက်တော့ သွားစွယ်လေးကို လှစ်ခနဲ ပေါ်အောင် ပြုံးပြီး သူ့ဆီကို ပြေးလာနေတဲ့ ချာတိတ်ပေါက်လေး။

"မင်း၊ ဒီကို ဘယ်လို ရောက်လာပြန်တာလဲ"

ဒီချာတိတ်ပေါက်က မင်းမြတ်သော် အနားမှာ တဝဲလည်လည်နဲ့ ကပ်နေတာ တစ်ပတ်လောက် ရှိပြီ ဖြစ်တယ်။

ဘားမှာ မတော်တဆ ဆုံမိကတည်းက နေ့တိုင်း သူ့ဆိုင်ကို လာထိုင်ပြီး ဆိုင် မသိမ်းမချင်း မပြန်။

'ပြန်တော့' ဆိုပြီး မောင်းထုတ်လို့လည်း မရ။ အတင်း ပေကပ်နေတယ်။

သူ့မှာ ချစ်ရတဲ့လူ ရှိပြီးသားလို့ ငြင်းထားတာတောင် အပြုံးမပျက် 'ကျွန်တော်လဲ လူကြီးကို ချစ်လို့လေ' ဆိုပြီး သွားလေရာ နောက် တကောက်ကောက် လိုက်တယ်။

Always You (Completed)Where stories live. Discover now