-23-

4.5K 381 58
                                    

Unicode

"မမသော်တာ၊ အစ်ကိုမင်းမြတ် ကျွန်တော် သွားပြီနော်"

ရှင်းခန့်ပိုင် မမတို့ကို နှုတ်ဆက်ပြီးတာနဲ့ အိတ်လေးကို ဆွဲကာ အပြင်ကို ပြေးထွက်သွားလိုက်တယ်။

မောင်က 'အိမ်ရှေ့ ရောက်နေပြီ' ဆိုပြီး စာပို့တာကြောင့် ရှင်းခန့်ပိုင်မှာ သုတ်သုတ် သုတ်သုတ်နဲ့ အမြန် ထွက်လာရတယ်။

ညက တော်တော်နဲ့ အိပ်မပျော်လို့ ခုနက ထိုင်ခုံမှာ ထိုင်ပြီး
အိပ်ငိုက်နေတာ ဖြစ်တယ်။

"ရှင်းလေးရေ ဂရုစိုက်နော်"

"ဟိုရောက်ရင် အစ်ကိုတို့ကို ဖုန်းဆက်လိုက်နော်"

မမသော်တာက ရှင်းခန့်ပိုင်ကို အိမ်ဝကနေ လက်ယမ်းပြတယ်။ အစ်ကိုမင်းမြတ်ကလည်း နောက်ကနေ လှမ်းအော်တယ်။

သူလည်း ခေါင်းတစ်ချက် ညိတ်ပြပြီး ခြံတံခါးကို ဖွင့်လိုက်တယ်။

ခြံပြင်ရောက်တော့ မောင်က ကားတံခါးကို မတ်တတ်ရပ် မှီပြီး လက်ပိုက်နေတာကို တွေ့ရတယ်။

သူ့ကို မြင်တော့ မျက်မှောင်ကြုတ်ပြီး ကြည့်လာတယ်။

"ဘာလို့ ဘောင်းဘီက တိုနေတာလဲ"

"ဟင်"

ရှင်းခန့်ပိုင် သူ့ကိုယ်သူ ငုံကြည့်လိုက်တယ်။

သူ့ ဘောင်းဘီက တိုနေလို့လား။ သူ ဝတ်ထားတာ ဒူးကျ ဘောင်းဘီပါပဲ။ ခရီးသွားတာ ဒီလောက်ဆို အဆင်မပြေဘူးလား။

"ကျစ်၊ အင်္ကျီကလဲ ပါးလိုက်တာ"

မောင်က အနား ရောက်လာပြီး သူ့အင်္ကျီလက်ကို ကိုင်ကာ ပြောတယ်။

ရိုးရိုးတီရှပ် အဖြူလက်တိုကို ရှင်းခန့်ပိုင် ဝတ်ထားတာပါ။ အဲတာက ပါးနေလို့လား။

"တော်တော် ကြည့်မကောင်းဖြစ်နေတာလား"

"မကောင်းဘူး။ ကြည့်ရဆိုးတယ်။ ရော့၊ ဒီဟာ ထပ်ဝတ်ထား"

သူ့ကို ပစ်ပေးလာတဲ့ ကုတ်အင်္ကျီကို ရှင်းခန့်ပိုင် လက်နှစ်ဖက်နဲ့ အမြန် ဖမ်းလိုက်ရတယ်။

ကားထဲမှာ သူတို့နှစ်ယောက်ပဲ ရှိတာကို ဘာလို့ ဝတ်ထားရမှာလဲ။ မောင်က ဘာကြီးမှန်း မသိဘူး။

Always You (Completed)Onde histórias criam vida. Descubra agora