-29-

4.4K 365 46
                                    

Unicode

_Warning_
_Read at your own risk_

"ဟူး... နောက်ဆုံးတော့ ပြီးသွားပြီ"

ရှင်းခန့်ပိုင် သူ့နဖူးပေါ်က ချွေးစက်တွေကို လက်ခုံနဲ့ သုတ်လိုက်တယ်။

သူ အခု နောက်ဖေးခြံထဲမှာ မြေကြီးတွေ လိုက်တူးပြီး မျိုးစေ့တွေ ချနေတာ ဖြစ်တယ်။

မနက်ပိုင်း ဆိုတော့ နေက အရမ်း ပူတယ်။ နွေရာသီက ကုန်တော့မယ် ဆိုပေမဲ့လည်း အပူဒဏ်က မသက်သာပေ။

မောင်ကတော့ အလုပ်ရှိလို့ ဆိုပြီး မနက်အစောကြီး ထွက်သွားတယ်။

ခုတင်ဘေးက ခုံလေးမှာ သူ့အတွက် စာလေးတောင် ရေးထားပေးခဲ့သေးတယ်။

'အလုပ်ရှိလို့ စောစောသွားရမယ်။ မနက်စာ အပြင်မှာပဲ စားလိုက်တော့မယ်။ နေ့လယ်လောက်မှ ပြန်ရောက်မယ်
ထင်တယ်' ဆိုပြီး လက်ရေး သေးသေးလေးတွေနဲ့ ရေးထားတာ။

ကျောင်းတုန်းက လက်ရေးလေး အတိုင်းပဲ။ မောင်က စာသာ မလုပ်တာ၊ လက်ရေးကတော့ တကယ် ဝိုင်းဝိုင်းလေးတွေ။ သူ့ထက်တောင် လှသေးတယ်။

အခု အပင်တွေ စိုက်ပြီးပြီ ဆိုတော့ နေ့လယ်စာ အတွက် ပြင်ရမယ်။

ဒီနေ့ ရှင်းခန့်ပိုင် မောင့်အတွက် ကိတ်မုန့်လေး လုပ်ပေးဖို့ စိတ်ကူးထားတာ ဖြစ်တယ်။

မွေးနေ့ မရောက်သေးပေမဲ့ ဒီအတိုင်း အခွင့်ရတုန်း လုပ်ပေးချင်လို့။

မောင်က သူ လုပ်ပေးတဲ့ ချောကလက်ကိတ်ဆို အရမ်း ကြိုက်တာ...အင်း....ချောကလက်ကိတ်ဆိုမှ ထိုနေ့က သူ မစားလိုက်ရတဲ့ ချောကလက်ကိတ်လေးကို သွားသတိရတော့ အနည်းငယ် တုန်လှုပ်သွားမိတယ်။

အခုကတော့ ဘာမှ မဖြစ်လောက်ပါဘူး။ မောင်က သူ့ကိုတောင် မမှတ်မိတာပဲ။

ဒီမြို့ကို ရောက်နေလို့ စိတ်က ပြန်ပြန် သတိရနေတာလားလည်း မသိဘူး။ ပြီးတော့လည်း ဒီအကြောင်းတွေမှ ကွက်ပြီး။

တော်ပြီ။ တော်ပြီ။ ထပ်မတွေးတော့ဘူး။ မောင် ပြန်မလာခင် အပြီး လုပ်ထားရမယ်။

ရှင်းခန့်ပိုင် လက်နှစ်ဖက်နဲ့ သူ့ပါးကို ဖွဖွလေး ပုတ်ပြီး အိမ်ထဲကို အမြန်ဝင်လိုက်တယ်။

Always You (Completed)Donde viven las historias. Descúbrelo ahora