-12-

5.1K 428 110
                                    

Unicode

"ကိုကို..ဟိုမှာကြည့်၊ ကြယ်ကြွေနေပြီ"

"ဟင်"

ခေါက်ဆွဲခြောက်စားနေတုန်း လူမိုက်လေးရဲ့ခေါ်သံကြောင့် ရှင်းခန့်ပိုင် ကောင်းကင်ကို မော့ကြည့်လိုက်မိတယ်။

မဟူရာလွှမ်းတဲ့ ကောင်းကင်ကြီးမှာ မှိတ်တုတ် မှိတ်တုတ် ကြယ်လေးတွေက တဖြည်းဖြည်းနဲ့ မိုးကုပ်စက်ဝိုင်းဆီသို့ သက်ဆင်း ကြွေကျနေကြတာကို တွေ့လိုက်ရတယ်။

"ဆုတောင်းရအောင် ကိုကို"

လက်ကလေးနှစ်ဖက်ကို အချင်းချင်း ဆုပ်ကိုင်ကာ မျက်လုံးမှိတ်ပြီး ဆုတောင်းနေတဲ့ ဒီလူမိုက်လေးက အခုတော့လည်း ကလေးလေးတစ်ယောက်လို ချစ်စရာ အတိ။

ရှင်းခန့်ပိုင် တစ်ချက် ပြုံးလိုက်မိတယ်။

"ကိုကို ဘာဆုတောင်းလဲ"

အသီးသီး ဆုတောင်းလို့ အပြီးမှာ လူမိုက်လေးက မျက်လုံးလေး ပေကလတ် ပေကလတ်နဲ့ ရှင်းခန့်ပိုင်ကို မေးတယ်။

"ဆုတောင်းတွေက ပြောလိုက်ရင် တကယ် မဖြစ်တော့ဘူးတဲ့"

"ဟာ၊ ကိုကိုကလဲ..."

နှုတ်ခမ်းလေး ဆူပြီး ရှင်းခန့်ပိုင်ကို ကြည့်နေတဲ့ လူမိုက်လေးက စိတ်ကောက်သွားတာပေါ့လေ။

"အရူးလေး"

လူမိုက်လေးရဲ့ နှာခေါင်းထိပ်ကို လက်နဲ့ အသာဆွဲညှစ်ပြီး ရှင်းခန့်ပိုင် ဆက်ပြောလိုက်တယ်။

"ကြယ်ကြွေတာ ဆက်ကြည့်ရအောင်"

"ကျွန်တော့်ဘေးက ကိုကိုက ကြယ်တွေထက် အဆပေါင်းများစွာ ပိုလှတာကို ဘာလို့ အဲဒီ ကြယ်တွေကို တကူးတက ကြည့်နေရမှာလဲ"

"မင်း တော်တော် တတ်နေလိုက်"

နားရွက်ဖျားလေးတွေ နီပြီး ဟိုဘက်လှည့်သွားတဲ့ ကိုကို့,ကို ကြည့်ပြီး လင်းစေရာခေတ် ပြုံးလိုက်တယ်။ သူ လေ့လာထားတဲ့ စာတွေက အကျုံးဝင်သားပဲ။

"အဲလို အတတ်လေးကို ကိုကို့ ကောင်လေး အဖြစ် ခေါ်ထားပါလား"

"မခေါ်ထားလဲ အတင်း လာနေ,နေတာပဲကို..."

Always You (Completed)Donde viven las historias. Descúbrelo ahora