Unicode
_A little warning_
_Read at your own risk_"မောင်..."
"ဗျာ"
"အစ်ကိုတို့ရော၊ လင်းပိုင်လေးရော၊ ဘယ်တွေ ရောက်သွားကြတာလဲ"
ကာစတမ်မာတွေ ပြန်သွားတော့ ရှင်းခန့်ပိုင် ဆိုင်အတွင်းပိုင်းကို ပြန်ဝင်လာလိုက်တယ်။
ထိုင်ခုံမှာ ထိုင်နေတဲ့ မောင်က လွဲပြီး ဘယ်သူမှကို မတွေ့ရတာကြောင့် သူ အံ့ဩစွာ မေးလိုက်မိတယ်။
သူ သွားတာ ဘယ်မိနစ်မှ မကြာလိုက်ပါဘူး။ အစ်ကိုတို့က ပြန်သွားကြတာလား။
"အဲဒီပေါက်စနကို လက်ဆောင် ဝယ်ပေးချင်လို့ ဆိုပြီး ခေါ်သွားတယ်"
"ဟုတ်လား။ ငါ့ကိုတောင် ဘာမှ ပြောမသွားကြဘူး"
"မောင့်ကို ပြောသွားတယ်လေဗျာ"
လင်းစေရာခေတ် လက်ထဲက ဖုန်းကို စားပွဲပေါ် တင်လိုက်ပြီး ဘေးနားမှာ ရပ်နေတဲ့ ကိုကို့,ကို သူ့ပေါင်ပေါ် ဆွဲချလိုက်တယ်။
"အင်းပါ... ဒါနဲ့ မောင့်ကို ပြောစရာရှိလို့"
"ရွှတ်... ပြောစေဗျာ"
ကိုကို့,ကို နောက်ကနေ ဖက်ထားရင်းနဲ့ပဲ ဂုတ်နားလေးကို လင်းစေရာခေတ် တစ်ချက် နမ်းလိုက်တယ်။
ရာသီဥတုက ပူနေတဲ့အတွက် ကိုကိုက အနည်းငယ် ချွေးစို့နေတယ်။ ဒါပေမဲ့ သူ့အတွက်တော့ ကိုကို့ ချွေးနံ့လေးက ကမ္ဘာပေါ်မှာ အမွှေးဆုံးပဲ။
"ဟို... ငါ့ကို စိတ်မဆိုးဘူးလို့ အရင် ကတိပေး"
ရှင်းခန့်ပိုင်မှာ ပြောလည်း ပြောချင်သလို မောင် စိတ်ဆိုးမှာလည်း ကြောက်ရသေး။ ဘာလို့ဆို မောင် စိတ်ဆိုးရင် သူ ည မအိပ်ရတော့လို့ပင်။
"အင်း... အဲတာက ကိုကို ပြောမဲ့ အကြောင်းအရာ အပေါ် မူတည်တယ်လေ"
"မောင့်"
ကိုကို့ဆီက ဆူအောင့်အောင့် အသံလေး ထွက်လာတာကြောင့် လင်းစေရာခေတ် အသံထွက် ရယ်လိုက်မိတယ်။
"ဟားဟား၊ စတာပါဗျာ။ မောင်က ကိုကို့,ကို ဘယ်လိုလုပ် စိတ်ဆိုးရက်မှာလဲ။ အခုထိ ချစ်လို့တောင် မဝသေးတာကို"
YOU ARE READING
Always You (Completed)