-2-

11.3K 806 30
                                    

Unicode

တစ်ခါမှ မကြားဖူးတဲ့ အသံကြောင့် လင်းစေရာခေတ် နောက်ကို လှည့်ကြည့်လိုက်တော့ ခပ်ပိန်ပိန် ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရတယ်။

ကောင်လေးက မျက်လုံး ဝိုင်းဝိုင်းကြီးတွေနဲ့ ဖြူနုပါးလွှာနေတဲ့ အသားအရေကို ပိုင်ဆိုင်ထားတယ်။ ဆံပင် အနည်းငယ်ကို နဖူးရှေ့ ချထားပြီး ရှည်ရှည်ကော့ကော့ မျက်တောင်မွှေးလေးတွေကို တဖျတ်ဖျတ် လုပ်ကာ သူ့ကို မော့ကြည့်နေတယ်။ ထိလိုက်တာနဲ့ ကြွေကျသွားတော့မဲ့ ကြွေရုပ်လေး အတိုင်း။

အဲတာအပြင် ဘယ်ဘက် မျက်လုံးအောက်မှာ အစက်လေးနဲ့။

လင်းစေရာခေတ် သူ့ ဘဝ တစ်လျှောက် တစ်ခါမှ ဒီလောက် လှတဲ့ ကောင်လေးမျိုး မမြင်ခဲ့ဖူးဘူးလို့ ပြောရမယ်။ သူ စကား မမှားဘူး။ ဒီကောင်လေးက မိန်းကလေးတွေ လှသလို လှတာ။ မဟုတ်ဘူး။ မိန်းကလေးတွေထက်တောင် ပိုလှနေသလိုလို။

ဆံပင်အတိုနဲ့ ဘောင်းဘီ ဝတ်ထားလို့သာ ယောက်ျားလေးမှန်း သူ သိလိုက်တာ ဖြစ်တယ်။

တကယ်ကို ပိုးဟပ်ဖြူလေး အတိုင်းပဲ။

သူ့ကိုယ်သူက လွဲပြီး ဘယ်သူ့ကိုမှ ချောတယ်၊ လှတယ် မထင်ဖူးတဲ့ လင်းစေရာခေတ်က အခု ပထမဆုံးအကြိမ် တွေ့လိုက်ရတဲ့ ကောင်လေးတစ်ယောက်ကို လှတယ်လို့ တွေးနေမိတာလား။

"...မောင်....မောင်လို့"

"အမ်..ဟမ်.."

သူ့ရှေ့က ပိုးဟပ်ဖြူလေးရဲ့ အော်သံကြားတော့ လင်းစေရာခေတ် တစ်ယောက် ယောင်အအနဲ့ ပြန်ထူးမိတယ်။

"မောင်...ဟုတ်တယ်မလား။ ကိုကို့ရဲ့ မောင် မလား"

သူ့အမေးကို ပြန်ထူးလိုက်တဲ့ မောင်ကြောင့် ရှင်းခန့်ပိုင် ယုံကြည်မှုတွေ ပိုပြင်းထန်သွားတယ်။ အသံက အစ သူ့ရဲ့ မောင် အစစ်ပဲ။

"ဟမ်..ဘယ်က မောင်လဲ။ ဒီမှာ၊ ခင်ဗျား လူမှားနေပြီ ထင်တယ်။ ပြီးတော့ ဒီအပေါ်ထပ်ကို အိမ်က လူတွေပဲ တက်ခွင့်ရှိတာ။ ခင်ဗျားက ဘယ်လိုရောက်လာတာလဲ။ အိမ်ထဲကို ခိုးဝင်လာတာလား"

အသိစိတ် ကပ်သွားပြီ ဖြစ်၍ ပိုးဟပ်ဖြူလေးကို လင်းစေရာခေတ် ပြန်အော်လိုက်တယ်။

Always You (Completed)Tahanan ng mga kuwento. Tumuklas ngayon