-26-

4.6K 375 72
                                    

Unicode

_အတိတ်_

ရှင်းခန့်ပိုင် နိုးလာတော့ ခေါင်းက တစ်ဆစ်ဆစ်နဲ့ ကိုက်နေတယ်။ တစ်ကိုယ်လုံးကလည်း ရိုက်နှက်ထားသလို ခံစားနေရတယ်။ တစ်ချက် လှုပ်လိုက်တာနဲ့ နာကျင်မှုက ကျောရိုးထဲအထိ စိမ့်ဝင်လာတာပဲ။

ဒီကြားထဲ မောင်က နောက်ကနေ သူ့ကို အားကြီးနဲ့ ဖက်ထားသေးတယ်။

နာရီကို စောင်းကြည့်လိုက်တော့ မနက် ၉ နာရီတောင် ရှိပြီ ဖြစ်တယ်။

လူဆိုးကောင်ကြီး...ညက သူ့ကို မနာပါဘူး ဆိုပြီး လိမ်ပြောတဲ့ လူလိမ်ကြီး။ အခုကျ သူ့ဘေးမှာ အပြစ်ကင်းတဲ့ ရုပ်လေးနဲ့ အိပ်ပျော်နေလိုက်တာ။

ရှင်းခန့်ပိုင် စိတ်တိုတိုနဲ့ မောင့်လက်မောင်းကို အားနဲ့ ကိုက်ချပစ်လိုက်တယ်။

"အင်း... ကိုကို"

လက်မောင်းထက် တစ်နေရာက စူးတက်လာတာကြောင့် လင်းစေရာခေတ် မျက်လုံး ဖွင့်ကြည့်လိုက်တော့ သူ့လက်မောင်းကို ကိုက်ခဲထားတဲ့ ကိုကို့,ကို တွေ့လိုက်ရတယ်။

"ကိုကို... ဘာလို့ မနက်အစောကြီး မောင့်ကို ကိုက်နေတာလဲ။ မနေ့ညက စိတ်ကျေနပ်မှု အပြည့် မရလိုက်လို့လား"

လင်းစေရာခေတ် ပြုံးစစနဲ့ မေးလိုက်တော့ ကိုကိုက သူ့ကို တစ်ချက် မျက်လုံး လှန်ကြည့်ပြီး ကိုက်ထားတဲ့ နေရာကို သွားနဲ့ ထပ်ဖိလိုက်ပုံရတယ်။

"အား... ကိုကိုရေ၊ နာတယ်ဗျ။ မောင်က ချစ်လို့ စတာပါ"

"မင်းက နာတတ်သေးတယ်ပေါ့"

ကိုက်နေရာက ဖယ်လိုက်ပြီး ကိုကိုက လင်းစေရာခေတ်ကို မျက်လုံးလေး မှေးပြီး ကြည့်တယ်။

အခေါ်အဝေါ် အရ ကိုကို သူ့ကို စိတ်ဆိုးသွားပြီ ဆိုတာ ဗေဒင် မေးစရာတောင် မလိုတော့ဘူး။

ကိုကိုက သူ့ကို စိတ်ဆိုးရင် သူ မကြိုက်မှန်းသိသိနဲ့ အမြဲ အဲဒီနာမ်စားကို သုံးပါတယ်။

"ဘာ 'မင်း' လဲ ကိုကိုရာ...."

လင်းစေရာခေတ် ကိုကို့ရင်ခွင်ထဲ ဝင်ပြီး သူ့ခေါင်းလေးနဲ့ ပွတ်ကာ ပြောလိုက်တော့ ကိုကိုက သူ့ကို မျက်ခုံးပင့်ပြတယ်။

Always You (Completed)Donde viven las historias. Descúbrelo ahora