-38-

5K 385 67
                                    

Unicode

( Recommended song- နှင်းဝေတဲ့ ဆောင်း by ခိုင်ထူး )

"ဘော့စ်၊ ကျွန်တော် စီစီတီဗီတွေ အကုန် ရလာ...."

"မလိုတော့ဘူး။ ထားလိုက်"

"....."

သူ့ဘော့စ်က ဘယ်လိုတောင် ပြောရက်တာလဲ။

သူရ တစ်ယောက် မျက်ရည်တောင် ကျလုမတတ် ဖြစ်သွားရတယ်။

သူ့မှာ မနေ့က တစ်နေ့လုံး နေ့ခင်းကနေ ည ရောက်တဲ့ အထိ လုံခြုံရေး အစောင့်တွေကို ခခယယ တောင်းပန်ပြီး မနည်း ယူလာရတာကို.. အခုမှ မလိုတော့ဘူး ဆိုတော့ သူက ဒါတွေကို မြောင်းထဲ သွားလွှတ်ပစ်ရမှာလား။

ဘော့စ်က တကယ် အကြင်နာတရား နည်းနည်းလေးမှ မရှိဘူး။

"ပြီးတော့ ငါ ဒီနေ့ အလုပ် ဝင်တာ နောက်ဆုံး ဖြစ်လိမ့်မယ်။ ဒီအတောအတွင်း တာဝန်ကျေပါတယ်"

ဘေးမှာ ရပ်နေတဲ့ သူရရဲ့ ပုခုံးကို လင်းစေရာခေတ် နှစ်ချက်လောက် ပုတ်ပြီး ပြောလိုက်တယ်။

ဒီကောင်လေးက စကားကြော ရှည်တာက လွဲရင် သူ ခိုင်းသမျှ တသွေမတိမ်း လုပ်ပေးတဲ့ သူ့ရဲ့ အတွင်းရေးမှူးကောင်းလေး ဖြစ်ခဲ့ပါတယ်။

"ဗျာ.."

အံ့ဩမှုပေါင်းများစွာနဲ့ သူရမှာ ပါးစပ် အဟောင်းသား ဖြစ်သွားရတယ်။

သို့ပေမဲ့ ရုတ်ချည်း ဆိုသလိုပါပဲ။ သူ့ဦးနှောက်ထဲ အကြောင်းအရာ တစ်ခုက အလိုလို ရောက်လာတယ်။

"အီးဟီး ဘော့စ်ရယ်... ဘော့စ် အဲလို ဖြစ်နေတာတောင် ကျွန်တော်က မသိခဲ့ဘဲ စိတ်ထဲကနေ ပြောဆို လုပ်နေမိသေးတယ်။ ကျွန်တော့်ကို ခွင့်လွှတ်ပါ ဘော့စ်... ဟင့်"

ရုတ်တရက် သူ့ကို လာဖက်ပြီး ကလေး မဟုတ် သူငယ် မဟုတ် အကျယ်ကြီး အော်ပြီး ငိုချလာတဲ့ သူရကြောင့် လင်းစေရာခေတ် စိတ်ရှုပ်သွားရတယ်။

ခုနပဲ ကောင်းနေသေးတယ်။ အခုမှ ဘာအရူးထပြန်တာလဲ။

ဒီကောင်က တစ်စက္ကန့်တောင် ချီးကျူးမခံဘူးပဲ။

"ကျစ်၊ ဖယ်စမ်းပါ။ ငါက ဘာဖြစ်နေလို့လဲ"

"ဘော့စ်က.. အဟင့်... ရောဂါတစ်ခုခု ဖြစ်နေတာ မဟုတ်လား။ ကျွန်တော် သိတယ်။ ကျွန်တော့် စိတ်ထဲမှာ ထင်တော့ ထင်နေတယ်။ ဘာလို့များ ဘာမှ မပြောခဲ့ရတာလဲဗျာ"

Always You (Completed)Donde viven las historias. Descúbrelo ahora