-33-

4.7K 389 64
                                    

Unicode

တီ...တီ...

"လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ....."

ကျစ်၊ အခု လာပါမယ် ဆိုတာကို ဒီပိုးဟပ်ဖြူလေးက ဘယ်ရောက်သွားတာလဲ မသိဘူး။

လင်းစေရာခေတ် ဖုန်းတွေ တောက်လျှောက် ခေါ်နေတာကို မကိုင်တော့ပြန်ဘူး။

ပြောထားတဲ့ လမ်းနားမှာ သူ ပတ်ရှာနေတာလည်း မနည်း ကြာနေပြီ။ လူ အရိပ်အယောင်တောင် မတွေ့ရဘူး။

"ဟာကွာ၊ အိမ်ပြန်သွားတာလား မသိဘူး"

လမ်းထိပ် တစ်နေရာမှာ ရပ်ပြီး ပိုးဟပ်ဖြူလေးကို ဖုန်းထပ်ခေါ်ကြည့်လိုက်တယ်။

တီ...တီ...

တီ...တီ...

ထိုအချိန်မှာပဲ သူ့ ဖုန်းနဲ့ ပြိုင်တူ ထွက်လာတဲ့ ဖုန်းသံ တစ်သံကို ကြားလိုက်ရတယ်။

အသံလာရာကို လိုက်ရှာမိတော့ သူ ရောက်နေတဲ့ လမ်းရဲ့ ထောင့်စွန်းလေးမှာ ဖုန်းတစ်လုံး မြေကြီးပေါ် ကျနေတာကို တွေ့လိုက်ရတယ်။

ထိုဖုန်းကို လင်းစေရာခေတ် အမြန် ကောက်ကိုင်လိုက်တော့ ဖုန်းမျက်နှာပြင်မှာ 'မောင်' ဆိုတဲ့ နာမည်နဲ့ သူ့ဖုန်းနံပါတ်က ထင်ထင်ရှားရှား။

ဖုန်းမျက်နှာပြင်မှာ အက်ကွဲရာကြီးကလည်း ရှိနေသေးတယ်။

သူ့ရင်ထဲ ထိတ်ခနဲပင်။

"ဘာ... ဘာဖြစ်လို့ ခင်ဗျား ဖုန်းက ဒီမှာ ရှိနေရတာလဲ"

တီ...

လင်းစေရာခေတ် ပိုးဟပ်ဖြူလေးရဲ့ ဖုန်းကို ကြည့်နေခိုက်မှာပဲ သူ့ဖုန်းက ထမြည်လာတယ်။

ဆက်တဲ့သူကတော့ ဆောင်းယွန်းမာန်။

"ယွန်း.. ကိုယ် ကိစ္စရှိလို့ နောက်ကျ..."

"ကို..ကိုလင်း...အခု..xxxဆေးရုံ..ကို..အ..အမြန်...လာခဲ့..ပါလား..."

ယွန်းက အသံတွေ တုန်ပြီး ထစ်အစွာ ပြောလာတယ်။

"ယွန်း၊ ဘာဖြစ်တာလဲ။ စိတ်အေးအေးထား။ ဘယ်သူ ထိခိုက်မိလို့လဲ"

"....."

တစ်ဖက်က ဆောင်းယွန်းမာန်ရဲ့ အပြောကြောင့် လင်းစေရာခေတ် တစ်ကိုယ်လုံး အေးခဲပြီး အသက် မရှူနိုင်လောက်အောင် ဖြစ်သွားရတယ်။

Always You (Completed)Onde histórias criam vida. Descubra agora