စာမေးပွဲနောက်ဆုံးနေ့ဖြစ်၍ တက္ကသိုလ် ကျောင်းများ၏ပျော်စရာထုံးစံအတိုင်း ကျောင်းသင်္ကြန်ကျကြသည်။ ရေသန့်ဘူးများတွင် ရေထည့်၍ ကျောင်းသားကျောင်းသူများ တစ်ယောက်နှင့်တစ်ယောက်ရေလိုက်လောင်းကာ နှုတ်ဆက်နေကြ၏။
"ဟိုမှာ ကောင်းခန့်ဇော်ကို လောင်းကြ!"
စာမေးပွဲခန်းထဲမှထွက်လာသော ကောင်းခန့်ကို သီဟကျော်တို့အုပ်စုက ရေလိုက်လောင်းကြသည်။ ကောင်းခန့်မှာ ရေမစိုအောင်ရှောင်ရှားရင်း တိုးတိုး တို့စာမေးပွဲဖြေရသော အခန်းဘက်သို့ပြေးရ၏။
"တိုးတိုး!"
စာမေးပွဲအခန်း၀တွင် မျိုးအောင်နှင့် မေးခွန်းတိုက်နေသော တိုးတိုးအားတွေ့ရသဖြင့် လက်ကိုအတင်းဆွဲကာ ကျောင်းအောက်သို့ဆွဲခေါ်လာခဲ့သည်။
"ဟေ့ကောင် ဘာဖြစ်လာတာလဲ"
"တိုးတိုး ငါ့...ငါ့ကို သီဟကျော်တို့ ရေ...ရေ လိုက်လောင်းနေလို့...ဟား...မောလိုက်လိုက်တာ"
"ဖြည်းဖြည်း..အသက်ကို ဖြည်းဖြည်းရှုပါ ကောင်းကောင်းရာ..ဘာလို့ အတင်းပြေးလာရတာလဲ"
"သူတို့ ရေလောင်းမိသွားမှာစိုးလို့လေ...မင်းမှငါ့ကို ရေမလောင်းရသေးတာ..."
"ဟားးးး အဲ့ဒါကြောင့် မင်းက အတင်းပြေးလာတာလား"
"အင်းလေ ...မင်းပဲ ငါ့ကို အမြဲတမ်းရေအရင်ဆုံးလောင်းချင်တယ်ဆို ... ရော့ ... ငါ့ကို ရေလောင်း"
ကောင်းခန့်က အိတ်ထဲမှရေသန့်ဘူးကိုထုတ်၍တိုးတိုးအားပေးလိုက်ကာ ရေလောင်းခိုင်းလိုက်သည်။
"ဟား...ချစ်စရာကောင်းလိုက်တာ ကောင်းခန့်ဇော်လေး"
တိုးတိုးက ရေသန့်ဘူးကိုယူ၍ ကောင်းခန့်အား ရေလောင်းရင်း ဆုတောင်းပေးသည်။
"လာမယ့်နှစ်သစ်မှာ ဘေးဘယာတွေ ဝေးကွာပြီး လို၍မရသော ဆင်းရဲမှ ကင်းဝေးပါစေဗျား"
"ပေးတဲ့ဆုနဲ့ ပြည့်ပါစေဗျား"
အနီးမှဖြတ်သွားသောကျောင်းသူတချို့က ကောင်းခန့်နှင့်တိုးတိုးအားကြည့်၍ ပြုံးရယ်သွားကြသည်။

YOU ARE READING
The Promise Of Summer
Romance(Myanmar Boy Love Fiction-OC) (အရမ်းချမ်းသာပြီး လိုတရဘ၀မျိုးတွေမဟုတ်ပဲ real life နဲ့ အနီးစပ်ဆုံး ၂၀၀၆ ခုနှစ်ဝန်းကျင်ခန့်က သင်္ကြန် အငွေ့သက်လေးတွေ အဆောင် အငွေ့သက်လေးတွေ နဲ့ သာမာန်ရိုးရှင်းတဲ့ အဆောင်နေ အင်ဂျင်နီယာကျောင်းသား ဘ၀ အချစ်ဇာတ်လမ်းလေးတခုပါ)