Ep 16 (U)

16.5K 1.5K 54
                                    

"ဟယ်လို လေးလေးထွန်း"

"အေး... ကောင်းကြီးရေ့ အောင်ကျော်စိုးကပြောလို့ မင်း မြို့ကိုလာဦးမယ်ကြားလို့လေ"

"ဟုတ်တယ် လေးလေးထွန်း ကျွန်တော်တောင်လေးလေးထွန်းဆီ ဖုန်းဆက်တော့မလို့ ... ရုံးပိတ်တုန်းခဏလာနေမလို့... ရန်ကုန်ကဘာမှာဦးမလဲ"

"ထွေထွေထူးထူးတော့မရှိပါဘူးကွာ ငါ့ မြသန်းတင့်ဘာသာပြန်စာအုပ်တွေ ခြကိုက်ကုန်လို့ကွာ အဲ့ဒါမစုံတော့ဘူးဖြစ်နေတာ... မင်းလာမယ်ဆို ဝယ်လာခဲ့ပေးဦးလို့ပြောမလို့... စာအုပ်စင်ကမရှင်းဖြစ်တာကြာတော့ ခြတက်နေတာမသိလိုက်ဘူးဟေ့"

"အဲ့ဒါပြောတာပေါ့ လေးလေးထွန်းရ... အိမ်ထောင်မှုထိန်းသိမ်းဖို့မိန်းမယူပါဆိုကျမယူဘဲနဲ့... အခု တစ်ယောက်တည်းနေတော့ ဖြစ်ပြီပေါ့"

"မဆိုင်တာကိုကွာ"

"နေဦး ကျွန်တော်ဒီတစ်ခါလာရင် လေးလေးထွန်းအတွက် မိန်းမရှာပြီးခေါ်လာခဲ့ဦးမယ်... ကျွန်တော်တို့အလုပ်ထဲမှာပေါတယ်"

"အဟားဟား... ပေါက်ကရကောင်ပါကွာ... မဟုတ်တာတွေပြောမနေနဲ့ စာအုပ်နာမည်တွေပြောမယ်... ရှာဝယ်ခဲ့ပေးစမ်းကွာ"

"ဟုတ်ပါပြီဗျာ"

ကောင်းခန့် လေးလေးထွန်းနှင့်အတန်ကြာဖုန်းပြောပြီးနောက်ထပ်ဖုန်းဝင်လာသဖြင့် ကိုင်လိုက်ရ၏။ သတင်းကတော့ စိတ်မကောင်းစရာပင်။

ကောင်းခန့်တို့ အစိုးရအလုပ်၀င်ခါစက အစစအရာရာသင်ကြားပေးခဲ့သော ဆရာကြီးဦးမြအောင်သည် မြ၀တီမြို့တွင်ကွယ်လွန်သွားပြီဟု ကိုသက်လွင်ကဖုန်းဆက်ပြောလာ၏။ လောကကြီးတွင် တွေ့ဆုံကြုံကွဲဆိုသည့်စကားအတိုင်း တွေ့ဆုံလိုက်ကြ ခွဲခွါလိုက်ကြနှင့် သံသရာလည်နေကြရသည်။

ကောင်းခန့်မြို့သို့မပြန်ဖြစ်သေးဘဲ ကိုသက်လွင်နှင့်အတူ မြဝတီမြို့သို့ထွက်လာခဲ့ရ၏။ ဆရာကြီး၏ သားသမီးများနှင့်လည်း ရင်းနီးခဲ့ကြသဖြင့် နာရေးလာပို့ပေးခြင်းဖြစ်သည်။ ဆရာကြီး၏သမီးက ကောင်းခန့်တို့ကိုမြင်တော့ "အဖေ့တပည့်တွေလာပြီ"ဟုပြောကာ ငိုနေ၍ စိတ်မကောင်းဖြစ်ရသေး၏။

The Promise Of SummerOpowieści tętniące życiem. Odkryj je teraz