(ချင်းပြည်နယ်-၂၀၁၅)
ရာသီတွေလည်း တစ်နှစ်ပြီးတစ်နှစ်ပြောင်းလာခဲ့ပြီ....ကောင်းခန့်သည်လည်း BE ဘွဲ့ ရပြီး၍ အစိုးရအလုပ်သင် အင်ဂျင်နီယာအနေနှင့် တစ်နှစ်ကျော်ခန့်လုပ်ကိုင်ခဲ့ကာ အခု အခွင့်ရေးရ၍ အစိုးရအလုပ်မှထွက် ပြည်ပအခြေစိုက်ကုမ္ပဏီတခုမှာ Electrical Project Engineer အနေနှင့်အလုပ်၀င်နေပေပြီ...ဒေါ်လာနှင့်လစာရ၍ ပရောဂျက်များရှိရာ နိုင်ငံခြားများသို့လည်း ခဏခဏ သွားရတတ်သည်...
အခွင့်ရေးရလျှင်တော့ ပြည်ပကျောင်းတစ်ခုခုမှာ မာစတာဘွဲဆက်တက်ဖို့ ကြံရွယ်ရင်း ပိုက်ဆံစုနေရသည်....အဖေက အစိုးရအင်ဂျင်နီယာအလုပ်မှထွက်လိုက်ပြီး ရန်ကုန်သို့ပြောင်းရွှေ့လာသည်... ကိုညီ့ အားကိုးနှင့် ကိုယ်ပိုင်ဆောက်လုပ်ရေးကုမ္ပဏီ အသေးတစ်ခုတည်ထောင်လိုက်ပြီး ကိုညီကအဖေနှင့်အတူ ဦးစီးပေးနေသည်...ကိုညီ့ကောင်မလေးကလည်း ရန်ကုန်မှာအလုပ်ရ၍ ရှေ့နှစ်လောက်ဆို လက်ထပ်ဖို့ နှစ်ဖက်မိဘများ သဘောတူညီထားကြပြီးဖြစ်သည်...
မမကလျာက ဆရာ၀န်တစ်ဦးနှင့် အိမ်ထောင်ကျပြီး တောင်ကြီးတက္ကသိုလ်တွင် ကျူတာ လုပ်နေသည်....ခုဆို သမီးလေးတစ်ယောက်တောင် ရနေပြီ... အမေနဲ့ အိငယ်ကတော့ ရန်ကုန်အိမ်မှာပဲနေပြီး... အိငယ်က နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ဂျပန်ဘာသာကို တက်ရောက်နေသည်...ကျောင်းပြီးရင် ဂျပန်သွားမည်ဟုတဂျီဂျီနှင့်ပြောနေတတ်သည် အပြင်မှာလည်း လိုအပ်သည် ထင်သည့်သင်တန်းအစုံ လိုက်တက်နေသဖြင့်မအားလတ်လှပေ...
အောင်ကျော်စိုးကတော့ ၁၀တန်းနှစ်ခါကျပြီးသည်နှင့် ကျောင်းဆက်မတက်ချင်တော့ဘူးဟု ဆိုကာ ရွာပြန်သွား၍ ခုဆို အိမ်ထောင်ရှင်ကြီးပင် ဖြစ်၍နေပေပြီ...အခုတော့လည်း မြို့မှာကျန်ခဲ့သည့် အိမ်နှင့်ခြံကို အောင်ကျော်စိုးတို့ လင်မယားက လာနေကာ စောင့်ရှောက်ပေးထားသည်...
အဆင်ပြေလားဆိုတော့...ဒီလိုပါပဲဟု ပြောရပေမည်...ကောင်းခန့်တို့မိသားစုက ငယ်ငယ်ကတည်းက တစ်ဦးစိတ်ကိုတစ်ဦးအပြည့်အ၀နားလည်ပေးခဲ့ကြသည်မို့ ကောင်းခန့်အား မည်သူကမျှ ဖိအားမပေးခဲ့ကြသလို...နားလည်မှုအပြည့်နဲ့ဖေးမပေးခဲ့ကြသည်....အဖေကတော့ သူအရမ်းမျှော်လင့်ထားသည့် သားဖြစ်တာကြောင့် ယူကျုံးမရဖြစ်ခဲ့သော်လည်း အချိန်ကြာလာတာနှင့်အမျှကောင်းခန့်ကို နားလည်ပေးနိုင်လာခဲ့သည်....အမေကတော့ အရင်ကတည်းက ကောင်းခန့်ကိုရော တိုးတိုးကိုရော အချစ်သည်းတာမို့ ရင်အနာဆုံးဖြစ်မည်ထင်သည်...
ESTÁS LEYENDO
The Promise Of Summer
Romance(Myanmar Boy Love Fiction-OC) (အရမ်းချမ်းသာပြီး လိုတရဘ၀မျိုးတွေမဟုတ်ပဲ real life နဲ့ အနီးစပ်ဆုံး ၂၀၀၆ ခုနှစ်ဝန်းကျင်ခန့်က သင်္ကြန် အငွေ့သက်လေးတွေ အဆောင် အငွေ့သက်လေးတွေ နဲ့ သာမာန်ရိုးရှင်းတဲ့ အဆောင်နေ အင်ဂျင်နီယာကျောင်းသား ဘ၀ အချစ်ဇာတ်လမ်းလေးတခုပါ)