Ep 17 (U)

23.5K 2K 102
                                        

တိုးတိုး ဘွဲ့ယူသည့်အခမ်းအနားသို့တက်ရန် ဖေဖေနှင့်မေမေတို့ရောက်လာခဲ့ကြသည်။ သည်းခံကြိုးစားပြီး နှစ်တချို့ကို ကျော်လွန်ပြီးသည့်အခါမှာတော့ စင်ကာပူနိုင်ငံ၍ နာမည်ကြီး National University Of Singapore မှ ဗိသုကာ မာစတာဘွဲ့ကို ရယူနိုင်ခဲ့ပြီ‌။လက်ရှိအလုပ်ထက်လစာပိုများသော အလုပ်များလည်းအခွင့်အရေးရခဲ့ပြီး စိတ်ကြိုက်ရွေးချယ်ရန်သာကျန်တော့သည်မို့ တိုးတိုးနှင့်ဖေဖေ၏ ကတိအတွက်လည်း စကားပြောရန်အချိန်ရောက်လာခဲ့ပြီ။

မေမေကတော့ တိုးတိုးအတွက်ဂုဏ်ယူ၍မဆုံး။

"မေချို... သားလုပ်နိုင်ခဲ့ပြီ"

မေမေက ကြည်နူးမျက်ရည်များဝဲ၍ ခေါင်းညိတ်သည်။

"လုပ်နိုင်ခဲ့ပြီ မေမေ့သားလေး... အများကြီးလည်းသည်းခံခဲ့ပြီးပြီ... အများကြီးလည်းစိတ်တွေပင်ပန်းခဲ့ပြီးပြီ"

"မေချို... သား ကောင်းကောင်းနဲ့ တွေ့လို့ရပြီမဟုတ်လားဟင်"

တိုးတိုးမျှော်လင့်တကြီးဖြင့်မေးမိရပါသည်။ မေမေပြောသလို အများကြီးသည်းခံစောင့်ဆိုင်းခဲ့ရပြီးပြီမို့ ဒီလောက်ဆို တကယ်ပင်လုံလောက်ပြီမဟုတ်ပါလား။

"မေမေ့သားလေး စိတ်ချမ်းသာရတော့မှာပါ သားရယ်"

ဖေဖေနှင့်မေမေ့ကိုပြန်ပို့ရင်း တိုးတိုးပါ မြန်မာနိုင်ငံသို့ ခဏပြန်လိုက်လာခဲ့သည်။ ဖေဖေတို့က မြ၀တီမပြန်ခင် ရန်ကုန်မှဦးကြီးအိမ်တွင်ခဏ နေကြသည်။ ညဘက်တွင် မိသားစုသုံးယောက် ရွှေတိဂုံဘုရားဖူးရန် ထွက်ခဲ့ကြ၏။ မေမေဘုရား၀တ်ပြု ပုတီးစိတ်နေသည်မို့ သားအဖနှစ်ယောက်ထိုင်စောင့်နေရင်းမှ ဖေဖေက စကားစပြောလာသည်...

"ငါ့ သား ....တကယ်တော့ လောကကြီးမှာ သားသမီး စိတ်ဆင်းရဲနေရတာကို မြင်ချင်တဲ့မိဘဆိုတာ မရှိပါဘူးကွာ.... ဖေဖေ မင်းနဲ့ ကောင်းကောင်းကို ခွဲထားတယ်ဆိုတာကလည်း မိဘတစ်ယောက်ရဲ့ အတ္တအနေနဲ့ မင်းတို့နှစ်ယောက်လုံး အနေ‌ဝေးပြီးစိတ်များပြောင်းသွားပါစေတော့ဆိုတဲ့ နောက်ဆုံးကောက်ရိုးတစ်မျှင်ပဲဖြစ်ဖြစ် ဖမ်းဆုပ်ခဲ့တဲ့သဘောပါ...မင်းတို့နှစ်ယောက်လုံးက တော်တော်လေး စိတ်ဓါတ်ခိုင်မာနေမှတော့ ကိုယ်ရွေးချယ်တဲ့လမ်း နောင်တမရကြနဲ့လို့ပဲ ဖေဖေပြောချင်တယ်"

The Promise Of SummerDove le storie prendono vita. Scoprilo ora