"လေးလေးထွန်း ကျွန်တော် မြတ်သန္တာအောင်သတင်းကြားလာလို့"
ကိုမြတ်စိုးအောင်က တိုးတိုးတို့ခြံထဲသို့ ခပ်သွက်သွက်ဝင်လာ၍ ပြောသည်။ လေးလေးထွန်းနှင့် တိုးတိုးတို့ ပန်းပင်နေရာရွှေ့စိုက်ရန်ပြင်နေကြရမှ ဝမ်းသာသွားကြ၏။
"ဟာ... ဟုတ်လား... ဘယ်မှာတဲ့လဲ"
"မန္တလေးမှာပဲရှိသေးတယ်တဲ့... သူတို့နဲ့အတူတခြားကောင်မလေးတွေရော မူဆယ်ဘက်ကိုပို့ဖို့လုပ်နေတယ်ကြားတယ်... အနောက်ပိုင်းကတစ်ယောက် မန္တလေးကပြန်ရောက်လာတော့ကြားလာတာ"
"ဟာ ဒုက္ခပဲ... လူကုန်ကူးတာတွေဖြစ်နေဦးမယ်... မင်းအမေရောသိလား"
"မသိသေးဘူး ကျွန်တော်မပြောပြရသေးဘူး"
"မင်း လိပ်စာတွေ ဘာတွေရော သိခဲ့လား"
"သိတော့သိခဲ့တယ်... စက်ရုံဝန်းလိုဟာမျိုးကြီးထဲမှာထားတာတဲ့... ကျွန်တော်လိုက်သွားရမလားလို့"
"မင်းတစ်ယောက်တည်းတော့မဖြစ်ပါဘူးကွာ"
လေးလေးထွန်းက သက်ပြင်းချ၍စဉ်းစားဟန်ပြုသည်။
"ကျွန်တော်နဲ့ကောင်းကောင်းနဲ့ လိုက်သွားလိုက်မယ်လေ"
တိုးတိုးက ငြိမ်ပြီးနားထောင်နေရာမှဝင်ပြောလိုက်၏။ လေးလေးထွန်းက ခေါင်းကိုချက်ချင်းရမ်းလိုက်ပြီး...
"မဖြစ်ပါဘူး မင်းတို့လည်း... လူကြီးတွေပါမှကောင်းမှာ... မြတ်စိုးအောင် မင်းအဖေနဲ့ အမေတို့ပါလိုက်နိုင်ရင်ကာင်းမယ်ကွ"
လေးလေးထွန်းအပြောကြောင့် ကိုမြတ်စိုးအောင်က စိတ်ပျက်စွာ သက်ပြင်းချလိုက်ပြီး...
"အဖေက မြတ်သန္တာအောင်ပျောက်သွားတဲ့နေ့တစ်နေ့ပဲ သောင်းကျန်းလိုက်ပြီး အခုတော့ဘာမှမဖြစ်သလို အသောက်မပျက်ဘူး... သူနဲ့လည်းမသွားချင်ပါဘူးဗျာ"
"ခက်တာပဲကွ မင်းအဖေကလည်း"
ကိုမြတ်စိုးအောင်က တစ်ခုခုကိုပြောချင်နေဟန်ဖြင့် ချီတုံချီချဖြစ်နေပြီးမှ စိတ်တင်းလိုက်ဟန်ဖြင့်...
"လေးလေးထွန်းတို့ ကျွန်တော့်ကိုလမ်းစားရိတ်ခဏလောက်လှည့်ပေးလို့ရမလားလို့ပါ"
![](https://img.wattpad.com/cover/285235702-288-k934282.jpg)
YOU ARE READING
The Promise Of Summer
Romance(Myanmar Boy Love Fiction-OC) (အရမ်းချမ်းသာပြီး လိုတရဘ၀မျိုးတွေမဟုတ်ပဲ real life နဲ့ အနီးစပ်ဆုံး ၂၀၀၆ ခုနှစ်ဝန်းကျင်ခန့်က သင်္ကြန် အငွေ့သက်လေးတွေ အဆောင် အငွေ့သက်လေးတွေ နဲ့ သာမာန်ရိုးရှင်းတဲ့ အဆောင်နေ အင်ဂျင်နီယာကျောင်းသား ဘ၀ အချစ်ဇာတ်လမ်းလေးတခုပါ)