"ရော့ ဒါတွေကမင်းတို့သုံးယောက်ဖို့... ဒါက ကလျာကြီးအတွက်... ခဏနေမှသွားပေးလိုက်မယ်... ရော့ ဒါက ပိုက်ဆံ"
လေးလေးထွန်းက အိတ်ထဲမှဟင်းအကြော်အလှော်ဘူးတွေကိုထုတ်၍ စားပွဲပေါ်တင်ပေးနေသည်။ တိုးတိုးက တစ်ခုပြီးတစ်ခုဖွင့်ကြည့်ကာ နှိုက်စားနေ၏။
"အား မန်ကျည်းသီးမှည့်ကြော်ပါတယ် ကြိုက်တယ် ကြိုက်တယ်"
တိုးတိုးက မန်ကျည်းသီးမှည့်ကြော်ဘူးကိုတွေ့တော့ ဝမ်းသာအားရထအော်သည်။ မန်ကျည်းသီးအမှည့်ကြော်က ကောင်းခန့်တို့မြို့ရဲ့ဒေသစာလို့တောင်ပြော၍ရသည်။ အိမ်တိုင်းလိုလိုတွင် မန်ကျည်းသီးအမှည့်ကို ငါးပိ ငြုပ်သီး ပုဇွန်ခြောက်တို့နှင့်ရောကြော်ထားသည့် အရံဟင်းဘူးတစ်ဘူးက အမြဲလိုလိုရှိတတ်ကြသည်။ ချဉ်ဖြုန်းဖြုန်းနှင့် အရသာလေးလေးပင်ပင်ရှိသော မန်ကျည်းသီးမှည့်ကြော်က နေကောင်း နားလန်ထခါစလူနာတွေပင် ခံတွင်းပွင့်စေနိုင်၏။
"အေး... မင်းကြိုက်မှန်းသိလို့ မင်းအမေက အများကြီးကြော်ထည့်ပေးလိုက်တာ... ဒီမှာ ကလျာကြီးအတွက်လည်း တစ်ဘူးပါသေးတယ်"
"လေးလေးထွန်း မနက်ဖြန်တန်းပြန်မလို့လား တနင်္ဂနွေနေ့မှပြန်လေ"
တိုးတိုးကပြောတော့ လေးလေးထွန်းက ခေါင်းခါလိုက်ပြီး...
"တနင်္ဂနွေနေ့ကျရင် မြတ်သန္တာအောင်တို့ အဖေနဲ့အမေကွာရှင်းကြမှာတဲ့ အဲ့ဒါရပ်ကွက်ထဲအသိသက်သေအနေနဲ့ လိုတာတွေလိုက်လုပ်ပေးကြရဦးမယ်"
"ဟာ... ကွာရှင်းကြတော့မှာလား"
ကောင်းကောင်းကအလန့်တကြားမေးသည်။ တိုးတိုးကနှာခေါင်းရှုံ့လိုက်ပြီး...
"အန်တီနုက ကွာသင့်နေတာကြာပြီကို အခုတော့သားသမီးတွေတကွဲတပြားနဲ့တစ်မိသားစုလုံးစိတ်ဒုက္ခတွေရောက်ပြီးခါမှ"
"ဒီလိုလည်း ဘယ်ဟုတ်မလဲကွာ ဘယ်မိန်းမကအိမ်ထောင်ကွဲတစ်ခုလတ်ဖြစ်ချင်မှာလဲကွ... ပတ်ဝန်းကျင်အမြင်ဆိုတာကလည်းရှိသေးတာကို... သူလည်း သူယောက်ျားအမြင်မှန်ရမလာ ရမလားနဲ့နေနေတာဖြစ်မှာပေါ့"

ESTÁS LEYENDO
The Promise Of Summer
Romance(Myanmar Boy Love Fiction-OC) (အရမ်းချမ်းသာပြီး လိုတရဘ၀မျိုးတွေမဟုတ်ပဲ real life နဲ့ အနီးစပ်ဆုံး ၂၀၀၆ ခုနှစ်ဝန်းကျင်ခန့်က သင်္ကြန် အငွေ့သက်လေးတွေ အဆောင် အငွေ့သက်လေးတွေ နဲ့ သာမာန်ရိုးရှင်းတဲ့ အဆောင်နေ အင်ဂျင်နီယာကျောင်းသား ဘ၀ အချစ်ဇာတ်လမ်းလေးတခုပါ)