ကျောင်းတွေပိတ်ပြီး အားလုံးမြို့ကိုပြန်ကြရသည်....ကောင်းခန့်တို့ နေသောအခန်းများတွင် အဝးသင်ကျောင်းသားများ သုံးလ လာနေကြမည်ဖြစ်၍ ပစ္စည်းများကို သေချာထုတ်ပိုးပြီး အောက်ထပ်က ဘကြီးအောင်၏ စတိုထဲတွင်ထည့်ထားခဲ့ကြရသည်...
မြို့ကို ပြန်ရောက်တော့ ရွာမှ ဒေါ်လေးတင့်၏သား အောင်ကျော်စိုးက အိမ်မှာရောက်နေသည်... ကောင်းခန့်တို့အိမ်တွင်နေ၍ မြို့ကျောင်းလာတက်နေသဖြင့် အိငယ်လည်း အဖော်ရနေပြီ ဖြစ်သည်... ကောင်းခန့်နှင့် တိုးတိုးသည်လည်း စာမေးပွဲရက်များအတွင်း ပင်ပန်းခဲ့ရသမျှ အိမ်ပြန်ရောက်တုန်း အတိုးချပြီး အနားယူနေလိုက်သည်...
"အောင်ကျော်စိုး နွေကျောင်းပိတ်ရက် ဒီမှာပဲနေလေကွာ မင်းမြို့သင်္ကြန်မကျဖူးသေးဘူး မဟုတ်လား...မင်း ကိုလေးတို့လဲ ခုမှပြန်ရောက်တာဆိုတော့ နေဦးပေါ့"
အဖေက အောင်ကျော်စိုးက နွေရာသီ ရွာမပြန်ရန်တားနေသည်...
"ဟုတ်ကဲ့ ဦးကြီး ကျွန်တော် ကိုလေးတို့နဲ့ သင်္ကြန်လည်မှာ"
ဘာလိုလိုနဲ့ သင်္ကြန်ရောက်ပြန်ပေဦးတော့မည်...ဒီနှစ်သင်္ကြန်သည် ကောင်းခန့်နှင့် တိုးတိုး တို့အတွက် ရင်ကွဲစရာများ သယ်ဆောင်လာမည်ဟုသာ ကြိုသိခဲ့ရပါလျှင် သင်္ကြန်တွေဘယ်တော့မှ မရောက်ပါစေနှင့် ဟုသာ အကြိမ်ကြိမ်ဆုတောင်းခဲ့မိပေလိမ့်မည်...... ထိုနေ့သည်...သင်္ကြန်အကြိုနေ့ညတွင်ဖြစ်သည်....
ည၈နာရီ ကျော်ကျော်လောက်ရှိပြီဖြစ်သောကြောင့် ရေကစားသူများ မရှိတော့ပေမဲ့ လူငယ်အချို့ကတော့ လမ်းသလားနေကြသေးသည်...ကောင်းခန့်နှင့် တိုတိုးသည်လည်း မြို့ထဲရှိလက်ဖက်ရည်ဆိုင်တွင် သူငယ်ချင်းတချို့နဲ့တူတူ ထိုင်နေကြသည်...၈ တန်းဖြေထားပြီးပြီ ဖြစ်သော အောင်ကျော်စိုးလည်း အကိုတွေရောက်တုန်း တူတူလိုက်လာကာ လူပျိုလုပ်နေလေသည်...
ကောင်းခန့်တို့ထိုင်နေစဉ် သူဇာလွင့်နှင့် သူ့သူငယ်ချင်းများ လက်ဖက်ရည်ဆိုင်ဘေးရှိ စတိုးဆိုင်ထဲမှ ထွက်လာရင်း အပြင်ဝိုင်းတွင် ထိုင်နေသော ကောင်းခန့်တို့အား တွေ့၍ လာနှုတ်ဆက်သည်...ကောင်းခန့်က တိုးတိုးမကြိုက်မှန်းသိ၍ ၀တ်ကျေတန်းကျေသာပြန်နှုတ်ဆက်လိုက်သည်...
VOUS LISEZ
The Promise Of Summer
Roman d'amour(Myanmar Boy Love Fiction-OC) (အရမ်းချမ်းသာပြီး လိုတရဘ၀မျိုးတွေမဟုတ်ပဲ real life နဲ့ အနီးစပ်ဆုံး ၂၀၀၆ ခုနှစ်ဝန်းကျင်ခန့်က သင်္ကြန် အငွေ့သက်လေးတွေ အဆောင် အငွေ့သက်လေးတွေ နဲ့ သာမာန်ရိုးရှင်းတဲ့ အဆောင်နေ အင်ဂျင်နီယာကျောင်းသား ဘ၀ အချစ်ဇာတ်လမ်းလေးတခုပါ)