ကမ်းနားလမ်းတစ်လျှောက်ရှိဆိုင်များတွင် ကျောင်းသားကျောင်းသူ လူငယ်အတွဲလေးများနှင့် ပြည့်နေသည်။ ကောင်းခန့် ဆိုင်ကယ်ကိုအရှိန်လျှော့ပြီး ဆိုင်တန်းများနှင့် တော်တော်လှမ်းသည့်နေရာအထိ မောင်းလာခဲ့သည်။ တိုးတိုးကဘာမှမပြောဘဲ ငြိမ်ပြီးလိုက်လာ၏။
လူရှင်းရာတစ်နေရာရှာ၍ ဆိုင်ကယ်ကိုရပ်ခဲ့ပြီး တိုးတိုးလက်ကိုဆွဲကာ သောင်ပြင်စပ်သို့သစ်ပင်များကြားမှလျှောက်၍ဆင်းလာခဲ့သည်။ လမ်းအောက် သစ်ပင်များကြားတွင် ခုံတန်းလေးများရှိပေမယ့် မထိုင်ဘဲကမ်းစပ်အထိဆွဲခေါ်လာခဲ့၏။ တိုးတိုးက နောက်မှပါလာပြီး လူရှင်းရာ ကမ်းစပ်တစ်နေရာ၌ ကောင်းခန့်လက်ထဲမှရုန်းထွက်လိုက်ပြီး...
"ဘာလဲ... ဘာပြောမလို့ ဒီခေါ်လာတာလဲ"
"မင်း အခုဘာတွေလုပ်နေလဲ ငါ့ကို ပွင့်ပွင့်လင်းလင်းပြော တိုးတိုး"
"ငါက ဘာလုပ်နေလို့ ဘာကိုပြောရမှာလဲ"
"မင်း နဲ့ အဲ့ဒီ ဖြိုးအိက ဘာလဲ"
"အတန်းဖော်လေကွာ ဘာဖြစ်နေလို့လဲ"
"မင်း ငါ့ကို အပိုမပြောနဲ့ ထက်ယံတိုး ... မင်းဘယ်တုန်းက မိန်းကလေးတွေနဲ့ အတန်းဖော်သူငယ်ချင်းမလုပ်ဖူးဘူး"
"အရင်ကမလုပ်ဘူး အခုလုပ်တော့ရော ဘာဖြစ်လို့လဲ မင်းလည်းအတန်းဖော်မိန်းကလေးသူငယ်ချင်းတွေရှိတာပဲ ငါကရော လုပ်လို့မရဘူးလား"
"တိုးတိုး မင်းက ငါနဲ့မတူဘူး ... အဲ့ဒီ ဖြိုးအိဆိုတာနဲ့ မင်းက လိုတာထက်ပိုနေတယ်...မင်းဘာလို့သူကျွေးတဲ့မုန့်တွေလဲ ယူယူထားရတာလဲ မင်းအရင်က ဘယ်မိန်းကလေးကျွေးတာမှ မစားဘူး ... ပြီးတော့လည်း ကျောင်းပိတ်ရက်တောင် တွေ့နေကြပြီ မင်းတို့က"
ကောင်းခန့်အသံက ဒေါသကြောင့်အနည်းငယ်ကျယ်လောင်သွားသည်။
"အေး အခုစားတော့ရော ဘာဖြစ်လဲ မင်းတောင်မှ သူဇာလွင်နဲ့ ကန်တင်းတူတူထိုင်ပြီး မုန့်စားနေသေးတာပဲ...ငါလည်းငါစားချင်ရင်စားမယ် သွားချင်တဲ့နေရာသွားမယ်..မင်းကအနေသာကြီး"
တိုးတိုးစကားကြောင့် ကောင်းခန့်ရင်ဘတ်ထဲတွင်စူးခနဲ။
"ဘာ အနေသာကြီး ဟုတ်လား...ထက်ယံတိုး မင်းက အခုတော့ အဲလိုတွေတောင် ငါ့ကိုပြောနေပြီလား ဟမ်!"
![](https://img.wattpad.com/cover/285235702-288-k934282.jpg)
YOU ARE READING
The Promise Of Summer
Romance(Myanmar Boy Love Fiction-OC) (အရမ်းချမ်းသာပြီး လိုတရဘ၀မျိုးတွေမဟုတ်ပဲ real life နဲ့ အနီးစပ်ဆုံး ၂၀၀၆ ခုနှစ်ဝန်းကျင်ခန့်က သင်္ကြန် အငွေ့သက်လေးတွေ အဆောင် အငွေ့သက်လေးတွေ နဲ့ သာမာန်ရိုးရှင်းတဲ့ အဆောင်နေ အင်ဂျင်နီယာကျောင်းသား ဘ၀ အချစ်ဇာတ်လမ်းလေးတခုပါ)