Ep 10 (Z)

3.5K 102 0
                                    

ဒီနေ့သည် သောကြာနေ့ဖြစ်၍ ညနေပိုင်းစာသင်ချိန်များ သိပ်မရှိပေ...ကျောင်းသားတော်တော်များများလည်း အတန်းလစ်ကြသည်...တိုးတိုးအတန်းပြီးလျှင် စောစောပြန်ရန် ကောင်းခန့်က တိုးတိုးတို့ အတန်းဘက်သို့ထွက်လာခဲ့သည်...တိုးတိုး၏အချိန်ဇယားအား အလွတ်ရသည်မို့ ဒီအချိန်ဆိုလျှင် လက်တွေ့ခန်းဘက်တွင် ရှိနေလိမ့်မည်...အတန်းရှေ့ ရောက်တော့ ကော်ရစ်ဒါတွင် တိုးတိုးက ကောင်မလေးတယောက်နှင့် စကားပြောနေသည်ကိုတွေ့ရသည်...ကောင်းခန့်ကိုမြင်တော့ လက်လှမ်းပြကာ ခေါ်သည်....

"ဪ ကောင်းကောင်း ဒါ ဖြိုးအိလေ မင်းနဲ့ မတွေ့ဖူးသေးဘူး ငါတို့ ပရောဂျက်တူတူလုပ်တဲ့ group က...ဖြိုးအိ ဒါ ကောင်းခန့်ဇော် တဲ့ "

"ဪ ဟိုနေ့ ဖုန်းလာကိုင်တဲ့တယောက်ထင်တယ်"

"ဟုတ်တယ်"

ကောင်းခန့်ခေါင်းညိတ်ကာ တချက်ပြုံးပြလိုက်သည်...ဖြိုးအိကလည်း နှစ်လိုဖွယ်ပြန်ပြုံးပြကာ တိုးတိုးဘက်သို့လှည့်၍ ပြောသည်...

"ဒါဆို ငါသွားတော့မယ်နော် တိုးတိုး...မနက်ဖြန်မှ ကောင်းမွန် နားကဆိုင်မှာတွေ့ကြတာပေါ့"

"အိုခေ"

ဖြိုးအိလှည့်ထွက်သွားပြီးမှ တိုးတိုးက ကောင်းခန့်၏ ပုခုံးအားလှမ်းဆွဲကာ လက်တင်၍...

"ဒိုးကြစို့ ပြီးပြီမလား"

"မနက်ဖြန် ကောင်းမွန် နားက ဆိုင် ဟုတ်လား...အဲ့မှာဘာလုပ်မှာလဲ"

"ဪ စာစုလုပ်ကြမလို့ပါ"

"မင်းဘယ်တုန်းက မိန်းကလေးတွေနဲ့ စာတူတူလုပ်ရတာ ကြိုက်သွားတာလဲ"

"Team work တွေလေကွာ ၉တန်း ၁၀တန်းမှ မဟုတ်တော့တာ မင်းကလဲ...ရော့ မုန့်စားဦးမလား ဖြိုးအိကျွေးသွားတာ"

ကောင်းခန့် တိုးတိုးအား ဘာမှပြန်မပြောတော့ပဲလှေခါးထစ်များအတိုင်း ပြေးဆင်းလာခဲ့သည်....

အပြန်လမ်းတွင် ကောင်းခန့်က ဆိုင်ကယ်မောင်း၍ တိုးတိုးက နောက်မှထိုင်လိုက်လာသည်..

"တိုးတိုး...ငါ မင်းကို အဆောင်ကိုပြန်ပို့ပြီးရင် သူဇာလွင့်ကို ကားကြီးဂိတ် လိုက်ပို့လိုက်ဦးမယ်နော်"

The Promise Of SummerOnde histórias criam vida. Descubra agora