ကောင်းခန့် ညနေဘက်ထမင်းစားပြီးချိန် ခြံနောက်ဖက် စိုက်ခင်းထဲရှိ ဘူးစင်အောက်၌ လမ်းလျှောက်နေသည်... စင်ပေါ်တွင် ဘူးသီးများသီးနေသည်ကို သဘောကျစွာမော့ကြည့်နေရင်း ရုတ်တရက် ကျောပြင်ဆီမှအေးခနဲ ဖြစ်သွားကာ ပုခုံးထက်မှတဆင့်ရေများစီးကျလာသောကြောင့် လန့်သွားရလေသည်....
"အမေ့"
"ဟားဟား "
"ဟင် တိုးတိုး"
"မနက်ဖြန်ဆို သင်္ကြန်အကြိုနေ့ရောက်ပြီလေ မင်းကိုဘယ်သူမှမလောင်းခင် ငါအရင်လောင်းရမှ"
"ဟားဟား ဒါဆို ဒီနှစ် မင်းနောက်ကျသွားပြီ"
"ဘာ...မင်းကို ဘယ်သူရေလောင်းလိုက်တာလဲ"
တိုးတိုး၏မျက်နှာသည် အလိုမကျမှုများနှင့် စူပုတ်သွားလေသည်... ကောင်းခန့်က မချိုမချဉ်ပြုံးလိုက်ရင်း...
"အဘွားလေ နေ့လည်က အပေါ်ထပ်ကနေ ရေနွေးကြမ်းသွန်ချတာ ငါ့ပေါ်တည့်တည့်ပဲ"
"ကျစ်! အကောင်းမှတ်လို့ကွာ...ကဲကွာ...မဟုတ်တာပြောချင်ဦး"
"အား!!!!"
တိုးတိုးက ကောင်းခန့်၏ လက်မောင်းကြွက်သားများအား ကုန်း၍ကိုက်လိုက်သဖြင့် လက်မောင်းတစ်ဖက်မှာ စူးခနဲ ခံစားလိုက်ရသည်...
"အ...နာလိုက်တာ...ထက်ယံတိုး...ခွေးဝင်စား"
တိုးတိုး၏ ထစ်ခနဲရှိကိုက်တတ်သော ထိုအကျင့်က ဘယ်တော့မှ ပျောက်တော့မည်မသိပေ...
.............................................................................
အညာဒေသရှိ ရွာငယ်လေး၏ သင်္ကြန်သည် ရိုးရှင်းလှပေမဲ့ ပျော်စရာကောင်းလှသည်....ရွာမှကာလသားလူပျိုများက ရေပုံးကိုယ်စီနဲ့ အပျိုများရှိသောနေအိမ်များသို့ ရေလိုက်လောင်းကြသည်...ထိုအခါမျိုးတွင် လူကြီးမိဘများကလည်းကြည်ဖြူစွာ ခွင့်ပြုပေးကြရလေသည်... သင်္ကြန်ရိုးရာမုန့်များကိုလည်း အိမ်ပေါက်စေ့ လိုက်လံဒါနပြုကြသည်...
ရွာလယ်တွင် မဏ္ဍပ်ကြီးထိုးကာ မုန့်လုံးရေပေါ်များလုပ်၍ လာသမျှလူများအား စတုဒီသာကျွေးမွေးကြသည်...ကလေးများက လမ်းပေါ်တွင် ရေပက်ဆော့ကစားကြသည်....အောင်ကျော်စိုးတယောက်တော့ အိမ်ပင်မကပ်တော့ပေ...အိငယ်နှင့် ရတနာစိုးသည်လည်း အသားများပင် နေလောင်သည်အထိ ရေဆော့ကာ သင်္ကြန်ရိုးရာမုန့်များကိုဗိုက်ကားအောင် စားကြလေသည်... မမကလျာနှင့် ကိုညီက လိုက်မလာဖြစ်တော့ပေ...မြို့မှာပဲအမေတို့နှင့်အတူ သင်္ကြန်ကျနေပေပြီ... ကောင်းခန့်တို့လည်း သင်္ကြန်ပြီးလျှင်ပြန်ကြရမည်ဖြစ်သည်...
STAI LEGGENDO
The Promise Of Summer
Storie d'amore(Myanmar Boy Love Fiction-OC) (အရမ်းချမ်းသာပြီး လိုတရဘ၀မျိုးတွေမဟုတ်ပဲ real life နဲ့ အနီးစပ်ဆုံး ၂၀၀၆ ခုနှစ်ဝန်းကျင်ခန့်က သင်္ကြန် အငွေ့သက်လေးတွေ အဆောင် အငွေ့သက်လေးတွေ နဲ့ သာမာန်ရိုးရှင်းတဲ့ အဆောင်နေ အင်ဂျင်နီယာကျောင်းသား ဘ၀ အချစ်ဇာတ်လမ်းလေးတခုပါ)