တိုးတိုးကို မနက်ကတည်းက မတွေ့ရသေး...နေ့လည်ကတော့ နိုင်နိုင်လာခေါ်၍ အဖေနဲ့ အမေရော မမကလျာပါ တိုတိုးတို့အိမ်ဘက်ကူးသွားကြသည်...ပြန်လာတော့ သုံးယောက်လုံးမျက်နှာမကောင်းကြ...ညက ရန်ဖြစ်တဲ့ကိစ္စကြောင့်ပဲဟုထင်၍ ကောင်းခန့်မှာလိုက်မေးနေသော်လည်း ဟုတ်တိပတ်တိမဖြေ....
အဖေက မျက်နှာမကောင်းစွာနှင့် ဆိုင်ကယ်ယူပြီးထွက်သွားသည်...အမေက မီးဖိုချောင်ထဲတွင် ခိုး၍ ငိုနေသည်ဟု အိငယ်က လာပြောပြတော့ ကောင်းခန့်မှာ စိတ်မသက်မသာဖြစ်ရသည်...မမကလျာကိုတော့ ရအောင်မေးမည်ဟုတေးထား၍ အမေ့အလစ်ကိုချောင်းနေရသည်....
ညနေလောက်ရောက်တော့ အမေက အိငယ်ကိုကျူရှင်သွားကြိုနေချိန်၌ မမအားမေးရန်လိုက်ရှာရသည်...
မမက ဘုရားပန်းအိုးများယူ၍ အိမ်ပေါ်တက်လာသဖြင့် မမလက်အားဆွဲ၍ အခန်းထဲသို့ခေါ်ကာ မေးရသည်...
"မမ ... နေ့လည်က တိုးတိုးတို့အိမ် ဘာသွားပြောတာလဲဟင် အဖေတို့လဲ မျက်နှာမကောင်းဘူး ကျွန်တော့်ကိုပြောပြပါဦး"
မမရဲ့ မျက်လုံးများက နီနေပြီး ငိုထားပုံရသည်.... မမက ခုတင်စွန်းတွင်ထိုင်ကာ ကောင်းခန့်အား ဂရုဏာသက်စွာကြည့်သည်...
"တိုးတိုး တို့ တခြားကိုပြောင်းကြတော့မယ်တဲ့ ကောင်းကောင်း"
"ဗျာ"
မမက ကောင်းကောင်း၏ပုခုံးအား ဆုပ်ကိုင်ကာ မျက်ရည်များကျလာသည်...
"ဘာလို့တဲ့လဲဟင် မမ...တိုးတိုးတို့ က ဘာလို့ပြောင်းကြမှာလဲ ဘယ်ကိုပြောင်းမှာလဲ ... မဟုတ်မှ...ကျွန်တော့်ကြောင့်"
"ကောင်းကောင်း....နောက်ဆုတ်လိုက်ပါ ကောင်းကောင်းရယ်....မမ ဒီစကားကိုမပြောချင်ပေမဲ့ ဘယ်လိုမှမဖြစ်နိုင်ဘူးမဟုတ်လား....မေချိုသိသွားလို့ တိုးတိုးက ၀န်ခံလိုက်တယ်တဲ့ မမ နဲ့ ညီမိုးက သတိထားမိနေတာ ကြာပါပြီ ...မဟုတ်လောက်ပါဘူးပဲ တွေးနေတာ အဖေဆို နိုင်နိုင်ရှေ့မှာ မျက်နှာလေးကို ငယ်နေတာပဲ...အဖေက အရမ်းအနေအေးပြီး စကားသိပ်မပြောတာ နင်လဲအသိပဲလေ...သူလဲ သူ့သားကို အဲ့လိုဘယ်ဖြစ်စေချင်ပါ့မလဲ...အဖေလဲ တော်တော်တုန်လှုပ်သွားတာပဲ"
ESTÁS LEYENDO
The Promise Of Summer
Romance(Myanmar Boy Love Fiction-OC) (အရမ်းချမ်းသာပြီး လိုတရဘ၀မျိုးတွေမဟုတ်ပဲ real life နဲ့ အနီးစပ်ဆုံး ၂၀၀၆ ခုနှစ်ဝန်းကျင်ခန့်က သင်္ကြန် အငွေ့သက်လေးတွေ အဆောင် အငွေ့သက်လေးတွေ နဲ့ သာမာန်ရိုးရှင်းတဲ့ အဆောင်နေ အင်ဂျင်နီယာကျောင်းသား ဘ၀ အချစ်ဇာတ်လမ်းလေးတခုပါ)