Ep 7 (U)

14.2K 1.3K 35
                                    

၁၀တန်းစာမေးပွဲကြီးကို ကောင်းခန့်ရော တိုးတိုးပါ လွတ်လွတ်ကျွတ်ကျွတ်အောင်ကြသည်... တိုးတိုးက ဂုဏ်ထူး လေးဘာသာ ပါ၍ ကောင်းခန့်က သုံးဘာသာ ပါသည်...နှစ်ယောက်လုံး မကွေးနည်းပညာတက္ကသိုလ်မှာပင် တက်ရန်ရွေးချယ်လိုက်ကြသည်...ဒါပေမဲ့ အထူးပြုဘာသာရပ် တော့မတူကြပေ...တိုးတိုးက အာခီတက်ရွေးသည်... ကောင်းခန့်က လျှပ်စစ်ပါဝါနှင့်ပတ်သက်တာကို ပိုဝါသနာပါ၍ EP ပဲရွေးဖြစ်သည်...

ကောင်းခန့်က ဖြစ်နိုင်လျှင်တိုးတိုးနှင့် တူတူသင်ချင်ပေမဲ့ ဝါသနာ မပါတာကို ဇွတ်မှိတ်မလုပ်သင့်မှန်း နားလည်၍ EP ပဲရွေးခဲ့ဖြစ်ခြင်းဖြစ်သည်...ကျောင်းကတော့ တူတူပဲဖြစ်၍ တော်သေးသည်...သူဇာလွင်ကတော့ ဂုဏ်ထူးငါးဘာသာနှင့် မကွေးဆေးတက္ကသိုလ် သို့သွားသည်...တိုးတိုးက သူဇာလွင် ငါတို့ကျောင်းမှာမဟုတ်တော့ ကောင်းတာပေါ့ဟုပြောသည်...

အိမ်မှာ မေချိုက ကောင်းခန့်တို့ အမေ နှင့် ကလေးတွေကျောင်းကိစ္စလာတိုင်ပင်နေသည်.....

"တိုးတိုး နဲ့ ကောင်းကောင်း ကို သူတို့ ကိုညီနဲ့ပဲ အဆောင်တူတူနေပါစေ...သူတို့အကိုစောင့်ရှောက် ပေးလိမ့်မယ်"

"အင်းပေါ့ ကျောင်းလဲတူတူပဲဆိုတော့ ကောင်းတာပေါ့ မနွယ်ရေ"

"သမီးကြီးလဲ ရှိတာပဲ သူတို့နှစ်ယောက်အတွက်တော့ ပူစရာမလိုတော့ပါဘူး အကိုတွေ အမတွေရှိတာပဲ"

"ဒါနဲ့ မနွယ်တို့ ကောင်းကောင်းအတွက် ဆိုင်ကယ်ထပ်မ၀ယ်နေပါနဲ့တော့ တိုးတိုး ဆိုင်ကယ်နဲ့ နှစ်ယောက်တူတူစီးပါစေ...အကြီးနှစ်ယောက်အတွက်နဲ့တင် အကုန်ကျတွေများနေပြီ"

"သူတို့အဆင်ပြေလားအရင် ကြည့်ပါစေဦး မချိုရေ မပြေတော့မှ ကြည့်စီစဥ်ပေးတာပေါ့လေ"

"သားတို့ အဆင်ပြေတယ် အန်တီနွယ်...ကောင်းကောင်းကို သားဆိုင်ကယ်နဲ့ပဲ စီးခိုင်းမယ်"

တိုးတိုးက၀င်ပြောသည်...

"အေးပါ သားတို့အဆင်ပြေရင်ပြီးတာပဲ"

ဒီလိုနဲ့ပဲ နယ်မြို့သားလေးနှစ်ယောက် အထုတ်ကိုယ်စီပိုက်၍ မကွေး ရွှေမြို့တော်ကြီးသို့ ကျောင်းတက်ရန်ရောက်ရှိလာရလေတော့သည်...

The Promise Of SummerWhere stories live. Discover now